baby 2 years ago
baby #Baby

Baby health ကလေးကျန်းမာရေး

မင်္ဂလာပါဆရာ ကျွန်မသားလေးက ၈ လရှိပါပြီဆရာ။ ၂၂ ပေါင်ရှိပါတယ်။ ၆ လကျော်မှအစာစကျွေးပါတယ်။ ထမင်း/ပဲ/အသား/ဥ/တခါတရံအရွက်ကို blender နဲ့ကြိတ်ကျွေးပါတယ်။ အစာသိပ်မစားချင်ဘူးဖြစ်နေပါတယ်။ ကလေးအသက် ၈ လအရွယ်လိုအပ်တဲ့ အစာ/ အားဆေး/ ကာကွယ်ဆေးတွေသိလိုပါတယ်ဆရာ။ ကျန်းမာရေးဌာနက ထိုးပေးတဲ့ ကာကွယ်ဆေးတွေတော့ထိုးနေပါတယ်။ ပြီးတော့ ဝမ်းလျောကာကွယ်ဆေးလဲတိုက်ထားပါတယ်။ တခြား လိုအပ်တာတွေ လမ်းညွှန်ပေးပါဦးရှင့်။ သားလေးကချောင်းခဏခဏဆိုးတော့ Amoxicillin 125mg ကို ၅ ရက်ပြည့်အောင် ခဏခဏတိုက်တာ side effect ရှိမရှိသိလိုပါတယ်ရှင့်။

ကာကွယ်ဆေးက ၆ လဆိုရင် မထိုးမဖြစ်တာတွေ ပြည့်သလောက်ပါ။ နိုင်ငံအလိုက် ထိုးတာတွေတော့ရှိတယ်။

အစာမစားချင်တာအတွက် စာတပုဒ်ပို့ပါတယ်။ ပါးစပ်ထဲဝင်တာကိုသာ ဂရုစိုက်ပါ။ ပိုးသေဆေးကို အမြဲတန်း တိုက်ဘို့မလိုပါ။ များသောအားဖြင့် ဖျားတာ၊ နာတာ၊ ဝမ်းပျက်တာတွေက ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်။ ပိုးသေဆေးမလိုပါ။ Cypon syrup (ဆိုက်ပွန်) ဆေးရည် အကြောင်းပို့လိုက်ပါတယ်။

ကလေးအသက် ကာကွယ်ဆေးအမည်

  • မွေးကာစ BCG ဘီစီဂျီ တီဘီကာကွယ်ဆေး
  • မွေးကာစ OPV ပိုလီယို ၁
  • မွေးကာစ Hep B အသဲရောင် ဘီ ၁
  • မွေးကာစ HPV သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (မထိုးမနေရမဟုတ်) (မိန်းကလေးများသာ)
  • ၄ ပါတ် (၁ လ) Hep B အသဲရောင် ဘီ ၂
  • ၆ ပါတ် (၁ လခွဲ) DPT (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ၁၆ ပါတ် (၁ လခွဲ) OPV ပိုလီယို ၂
  • ၆ ပါတ် (၁ လခွဲ) Haemophilus influenzae type B vaccine (HiB) (မထိုးမနေရမဟုတ်)
  • ၆ ပါတ် (၁ လခွဲ) Pneumococcal (မထိုးမနေရမဟုတ်)
  • ၁ဝ ပါတ် (၂ လခွဲ) DPT (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ၂
  • ၁ဝ ပါတ် (၂ လခွဲ) OPV ပိုလီယို ၃
  • ၁ဝ ပါတ် (၂ လခွဲ) Pneumococcal နူမိုကော်ကယ် (မထိုးမနေရမဟုတ်)
  • ၁ဝ ပါတ် (၂ လခွဲ) Haemophilus influenzae type B vaccine (HiB) (ဟေမိုဖီးလပ်စ်) (မထိုးမနေရမဟုတ်
  • ၁ဝ ပါတ် (၂ လခွဲ) Inactivited Polio Vaccine (IPV) ပိုလီယိုတမျိုး (မထိုးမနေရမဟုတ်)
  • ၁၄ ပါတ် (၃ လခွဲ) DPT (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ၃
  • ၁၄ ပါတ် (၃ လခွဲ) OPV ပိုလီယို ၄
  • ၁၄ ပါတ် (၃ လခွဲ) Pneumococcal (မထိုးမနေရမဟုတ်)
  • ၁၄ ပါတ် (၃ လခွဲ) Haemophilus influenzae type B vaccine (HiB) (ဟေမိုဖီးလပ်စ်) (မထိုးမနေရမဟုတ်)
  • ၁၄ ပါတ် (၃ လခွဲ) Inactivited Polio Vaccine (IPV) ပိုလီယိုတမျိုး (မထိုးမနေရမဟုတ်)
  • ၁၈ ပါတ် (၄ လခွဲ) OPV ပိုလီယို ၅
  • ၆ လ Hep B အသဲရောင် ဘီ ၃
  • ၆ လ Rotavirus (ရိုတာဗိုင်းရပ်စ်) ဝမ်းလျှောရောဂါ၊
  • ၆ လ Influenza တုပ်ကွေး
  • ၉ လ Measles ဝက်သက်
  • ၁၂ လ Varicella (ဗေရီဆဲလား) ရေကျောက်၊ (မထိုးမနေရမဟုတ်)
  • ၁၅ လ MMR ပသိရောင်-ဝက်သက်-ဂျာမန်ဝက်သက်၊
  • ၁၅ လ Pneumococcal Booster နူမိုကော်ကယ် (မထိုးမနေရမဟုတ်)
  • ၁၅ လ Inactivited Polio Vaccine (IPV) ပိုလီယိုတမျိုး (မထိုးမနေရမဟုတ်)
  • ၁၈ လ DPT Booster (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ထပ်ထိုး ၁
  • ၁၈ လ OPV Booster ပိုလီယို ထပ်ထိုး ၁
  • ၁၈ လ Haemophilus influenzae type B vaccine (HiB) Booster (မထိုးမနေရမဟုတ်)
  • ၂ နှစ် Typhoid တိုက်ဖွိုက်
  • ၂ နှစ် Hepatitis A အသဲရောင် အေ
  • ၄ နှစ် MMR ပသိရောင်-ဝက်သက်-ဂျာမန်ဝက်သက်၊
  • ၅ နှစ် DPT Booster (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ထပ်ထိုး ၂
  • ၅ နှစ် OPV Booster ပိုလီယို ထပ်ထိုး ၂
  • ၁ဝ နှစ် Hep B Booster အသဲရောင် ဘီ ထပ်ထိုး
  • ၁၅-၁၆ နှစ် TT မေးခိုင်ထပ်ထိုး


မှတ်ချက်။

  1. အထက်ပါ ကာကွယ်ဆေးဇယားကို မြန်မာနိုင်ငံအခြေအနေနှင့် နီးစပ်သည့် အိန္ဒိယမှာသုံးသည်။
  2. ကာကွယ်ဆေးဇယားသည် တိုင်းပြည်အလိုက် ကွဲပြားနိုင်သည်။
  3. Pentavalent Vaccine ၅ မျိုး (ဆုံဆို့နာ-ကြက်ညှာ-ချောင်းဆိုး + မေးခိုင် + အသည်းရောင် (ဘီ) + ဟေမိုဖီးလပ်စ်-ဦးနှောက်အမြှေးရောင် + ဟေမိုဖီးလပ်စ်-အဆုတ်ရောင်) ကာကွယ်ဆေးသစ်ကို သုံးပြီးနောက် အထက်ပါဇယားကို အပြောင်းအလဲလုပ်ရသည်။
  4. HPV သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို အမေရိကားမှာ အသက် ၉ နှစ်မှ ၂၆ နှစ် မိန်းကလေးများသာ ထိုးသည်။


ဒေါက်တာတင့်ဆွေ
Credit: Dr. Tint Swe #DrTintSwe
Source: https://doctortintswe.blogspot.com/2014/11/baby-health.html
#baby

hello
0
# Health, Life Style

Iron supplement and Liver diseases သံဓါတ်နဲ့ အသည်းရောဂါ

healer 2 years ago
0

Bleeding nipple နို့ကနေသွေးထွက်ခြင်း

healer 2 years ago
0
# Baby

Baby and Mom ကလေးကျန်းမာရေး အယူအဆများ မလွဲမှားစေချင်

baby 5 years ago
0
# Health, Life Style

Fibrous papule of the face

healer 2 years ago
0
# Health, Life Style

Universal flu vaccine comes closer တုပ်ကွေးကာကွယ်ဆေးနီးစပ်လာပြီ

healer 2 years ago