healer 2 years ago

Bladder diverticulum ဆီးအိမ် ဒိုင်ဗာတီကူလမ်

ဆီးအိမ်အမှာ အိတ်ကလေးလိုဖြစ်လာတာကိုခေါ်တယ်။ မွေးရာပါလည်းဖြစ်နိုင်တယ်။ နောက်မှပေါ်လာတာလည်းရှိတယ်။

အကူအညီတောင်းတာပါဆရာ။ ဆီးအိမ်ထဲမှာရေအိတ်တည်နေတယ်လို့ပြောပါတယ်။ အမျိုးသမီးအသက်က ၃၄ နုစ်ပါ ဆီးခဏခဏသွားရပါတယ်။ ဆီးအိမ်ထဲမှာဆီးပမာဏ 250 ml အမြဲကျန်နေပါတယ်။ CT အဖြေကို ရေးပေးလိုက်ပါတယ်။

A small bladder diverticulum near the right VU junction is noted. It is 1.9 x 1.1cm diameter and the luminal diameter of the neck of diverticulum is 2.9mm. IMPRESSION = Small bladder diverticulum just beside the right VU junction. 

ဘာဆက်လုပ်ရမလဲဆိုတာ အကြံညဏ်ပေးပါဆရာ။ လက်ရှိပြနေတဲ့ဆရာကတော့ ဘာမှမဖြစ်ဘူး၊ ထပ်ပြီး ဆီးသွားရခက်လာရင် ပြန်လာပြလို့ဘဲပြောလိုက်လို့ပါ။ အားကိုးပါတယ်။

ဆီးအိမ်အမှာ အိတ်ကလေးလိုဖြစ်လာတာကိုခေါ်တယ်။ မွေးရာပါလည်းဖြစ်နိုင်တယ်။ နောက်မှပေါ်လာတာလည်းရှိတယ်။ အာလ်ထွာဆောင်းရိုက်မှ သိလာရတာလည်းရှိတယ်။ ကြီးမှဖြစ်တာက ယောက်ျားတွေမှာဆိုရင် ဆီးအိမ်ထွက်လမ်း ဆီးကျိတ်ကြီးလို့ဆို့နေရာကနေဖြစ်လာနိုင်တယ်။ ဆီးထွက်ပြွန်မှာဆို့လို့လည်းဖြစ်နိုင်တယ်။ အမျိုးသားတွေမှာ အဖြစ်များတယ်။

ရှိနေပြီး ဘာမှမဖြစ်သလိုနေနိုင်တယ်။ ဆီးမကုန်တာဖြစ်နိုင်တယ်။ ဆီးလမ်းပိုးဝင်နိုင်တယ်။ ဆီးထဲသွေးပါနိုင်တယ်။

CT scan စကန်ရိုက်နည်း၊ Ultrasound အာလ်ထွာဆောင်းနည်းတွေနဲ့သိနိုင်တယ်။ Cystogram ဓါတ်မှန်ရိုက်နိုင်တယ်။ Cystoscopy ကိရိယာထည့်ကြည့်နိုင်တယ်။

ရှိတိုင်းဆေးကုစရာမလိုပါ။ ဆီးလမ်းပိုးခဏခဏဝင်တာ၊ ကျောက်တည်တာ၊ ဆီးနောက်ပြန်သွားတာ စတာတွေရှိရင် ကုသရမယ်။ တချို့မှာ ဆီးအိမ်ကင်ဆာနဲ့တွဲနေလို့ကုသရမယ်။ ခွဲစိတ်ရနိုင်တယ်။ ဓါးနဲ့မခွဲပဲ ကိရိယာနဲ့ရတာလည်းရှိတယ်။ ကုရင်ကောင်းသွားမယ်။


ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/07/bladder-diverticulum.html


#DrTintSwe #BladderDiverticulum

hello
0

Placental Previa အချင်းရှေ့ရောက် အမေး

healer 2 years ago
0
# Health, Life Style

HIV-AIDS at glance ပိုးနဲ့ရောဂါ အချုပ်

HIV ဆိုတာ Human Immunodeficiency Virus ခုခံအားကျဆင်းစေတဲ့ဗိုင်းရပ်စ်ပိုးကို ခေါ်တယ်။ ဒီဗို...

healer 2 years ago
0
# Health, Life Style

‎Red‬ Moles မှဲ့နီ

healer 2 years ago
0
# Health, Life Style

Male breast cancer - The only answer to questions about male breast ca...

healer 2 years ago
0
# Health, Life Style

Ovarian teratoma မျိုးဥအိမ်အကျိတ်တမျိုး

healer 2 years ago