CPR နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန်ပြုစုနည်း

CPR နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန်ပြုစုနည်း CPR ဆိုတာ Cardio-Pulmonary Resuscitation နှလုံး-အဆုပ်ပြန်လည်အလုပ်လုပ်စေရန် အရေးပေါ်ပြုစုပေးနည်း ဖြစ်တယ်။ နှလုံး-အဆုပ်ရုတ်တရက် ရပ်သွားစေတတ်သည့်အကြောင်းတွေကတော့ - ၁) Cardiac Arrest နှလုံးခုန်ရပ်သွားခြင်း၊ ၂) Cardiac Attack နှလုံးသွေးကြောပိတ်ခြင်း၊ ၃) Drowning ရေနစ်ခြင်း၊ ၄) Drug Overdose ဆေးအလွန်များသွားခြင်း၊ ၅) Poisoning အဆပ်သင့်ခြင်းနဲ့ ၆) Electrocution လျှပ်စစ်ဓါတ်လိုက်ခြင်းတွေဖြစ်တယ်။ နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန် အရေးပေါ်ပြုစုပေးခြင်း အေ-ဘီ-စီ-ဒီ A for Airway အသက်ရှူလမ်းစစ်ဆေးပါ၊ B for Breathing အသက်ရှူခြင်းရှိ-မရှိစစ်ဆေးပါ၊ C for Circulation သွေးလည့်လည်ခြင်းရှိ-မရှိစစ်ဆေးပါ၊ D for Defibrillation လျှပ်စစ်ဓါတ်နှင့် နှစ်လုံးခုန်စေသည့်စက်သုံးခြင်း၊ A for Airway အသက်ရှူလမ်းစစ်ဆေးခြင်း နှာခေါင်း-ပါးစပ်တို့ပိတ်နေ-မနေစစ်ပါ။ လည်ပင်ရိုး ကျိုးနေ-မနေစစ်ပါ၊ လူနာကို မာသောကြမ်းပြင်ပေါ် တင်ထားပါ၊ သတိလစ်နေသည့်လူနာ၏လျာသည် အသက်ရှူလမ်း အာခေါင်ကို ပိတ်နေတတ်သည်။ ထိုသို့မပိတ်စေရန် လူနာ၏လည်ပင်းကို ဆန့်လျက် မေးစေ့ကို အထက် (ရှေ့) သို ့ မ-တင်ပေးထားရမည်။ B for Breathing အသက်ရှူခြင်းရှိ-မရှိစစ်ဆေးခြင်း အသက်ရှူနေလျင် ရင်ပတ်-ဝမ်းဗိုက် လှုပ်နေမည်၊ နှာခေါင်းကလေထွက်မည်၊ ထွက်လေသည် အပြင်လေထက် အနည်းငယ်ပိုပူသည်။ အသက်မရှူပါက ချက်ချင်း Mouth-to-Mouth ပါးစပ်မှပါးစပ် လေမှုတ်သွင်းနည်းလုပ်ပါ။ C for Circulation သွေးလည့်လည်ခြင်းရှိ-မရှိစစ်ဆေးခြင်း လည်ပင်းဘေးတဖက်တချက်ရှိ သွေးလွှတ်ကြောအားစမ်းပါ။ (ကရောတစ်အာထရီ)ဟုခေါ်သည်။ ၄င်းသည် သွေးခုန်ခြင်းမရှိပါက (စီ-ပီ-အာရ်) လုပ်ပါ။ D for Defibrillation လျှပ်စစ်ဓါတ်နှင့် နှစ်လုံးခုန်စေသည့်စက်သုံးခြင်းကို တကယ့်အရေးပေါ်မှာလုပ်ရတယ်။ Mouth-to-Mouth ပါးစပ်မှပါးစပ် လေမှုတ်သွင်းနည်း ပါးစပ်၊ အာခေါင်၊ လည်ချောင်းထဲ ပစ္စည်းများ (အမှိုက်၊ အန်ဖတ်၊ အဝတ်စ) ဆို့ပိတ်နေပါက ဖယ်ရှားပါ။ လူနာကို ပက်လက်လှန်ထားပါ။ မာသောကြမ်းပြင်ဖြစ်က ပိုကောင်းသည်။ လူနာ၏လည်ပင်းကိုဆန့်လျက် မေးစေ့ကို အထက်(ရှေ့)သို့မတင်ပေးပါ။ လူနာ၏ပါးစပ်ကို ဖွင့်ထားပါ၊ မိမိက လေတဝကြီးရှူလိုက်ပြီး၊ လူနာ၏ပါးစပ်ကို မိမိပါးစပ်နှင့် တေ့ပိတ်လျက် လေသွင်းပေးပါ။ ပါးစပ်ဖွင့်မရပါက နှာခေါင်းကနေလေသွင်းပေးပါ။ ပါးစပ်ဖွင့်ရပါက နှာခေါင်းကို မိမိလက်နှင့်ပိတ်ပြီး၊ ပါးစပ်ကနေလေသွင်းပါ။ ပဌမဦးစွာ ၂ ကြိမ်လုပ်ပါ။ ထိုသို့လုပ်ရသည်မှာ အချိန် ၁ စက္ကန့်သာ ကြာမည်။ လူနာ၏အဆုပ်ကို လေဘူဘောင်းကဲ့သို့ အတင်းဖေါင်းသွားအောင်လုပ်ရန်မလိုပါ။ ၂ ကြိမ်လုပ်ပြီး ပြန်လည်ရှူလာမည်။ မရှူသေးပါက (စီ-ပီ-အာရ်) လုပ်ပါ။ လူကြီး CPR လုပ်နည်း လူနာကို မာသောကြမ်းပြင်ပေါ်ထားပါ၊ မိမိက လူနာ၏ဘေးမှာ ဒူးနှစ်ဖက်ထောက်ထိုင်ပါ။ လူနာမှ တင်းကြပ်နေသော အဝတ်အစားများ လျော့ပါ-ဖယ်ပါ။ မိမိ၏လက်ဝါးနှစ်ဖက်ကို ထပ်လျက် လူနာ၏ရင်ပတ် အလယ်ကောင် တည့်တည့် နို့အုံနှစ်ဖက်၏အလယ်၊ ရင်ညွန့်ရိုးအပေါ်မှာ တင်ပါ၊ မိမိ၏လက်နှစ်ဖက်ကို ဆန့်တန်းထားပြီး၊ မိမိ၏ ကိုယ်အလေးချိန်ကို လက်နှစ်ဖက်အပေါ်သို့ပြောင်းရွှေ့ကာ မိမိ၏လက်ပါးနှစ်က လူနာ၏ရင်ပတ်ကို ဖိချပေးရမည်။ ၂ လက်မခန့် ကျသွားအောင် ဖိလိုက်ပြီးနောက် လုံးဝကြွလိုက်ရမည်။ တမိနစ်လျင် အကြိမ် ၁ဝဝ နှုန်းဖြင့် ထိုအတိုင်း ဖိလိုက်-ကြွလိုက် လုပ်ရမည်။ အကြိမ် ၃ဝ လုပ်ပြီးတိုင်း ပါးစပ်မှလေးသွင်းခြင်း ၂ ခါလုပ်ရမည်။ ရင်ပတ်ဖိ-ကြွခြင်းနှင့် ပါးစပ်မှလေသွင်ခြင်းကို စုစုပေါင်း ၂ မိနစ် သို ့မဟုတ် ၅ ပါတ် လုပ်ရမည်။ တနှစ်အောက်ကလေးအား CPR လုပ်နည်း အသက်ရှူလမ်းစစ်ဆေးပါ။ ပိတ်နေလျင်ဖွင့်ပါ။ လေနှစ်ကြိမ် ညင်သာစွာသွင်းပေးပါ။ ကလေး၏ ပါးစပ်ရောနှာခေါင်းပါ မိမိ၏ပါးစပ်က ငုံလျက်သွင်းပါ။ ကလေး၏ရင်ပတ်ပေါ် မိမိလက်ဝါးနှစ်ဖက် ထပ်တင်လျက် ကလေးရင်ပတ်၏ သုံးပုံတပုံ ပြားသွားအောင် ဖိပေးပါ။ တမိနစ်လျင် အကြိမ် ၂ဝဝ နှုန်းဖြင့် အခါ ၃ဝ လုပ်ပြီးတိုင်း ပါးစပ်မှလေသွင်းရမည်။ လူကြီးကဲ့သို့ အကြိမ် ၃ဝ ဖိပြီးတိုင်း၊ လေနှစ်ခါမှုတ်ပေးရမည်။ စုစုပေါင်း ၂ မိနစ် သို့မဟုတ် ၅ ပါတ် လုပ်ရမည်။ နောက်ဆုံးပေါ်နည်း နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်ခြင်း အရေးပေါ်ပြုစုပေးရန် ပါးစပ်-ပါးစပ် လေမှုတ်စရာမလို၊ လက်ဖြင့် ရင်ပတ်ကိုဖိခြင်း တမျိုးတည်းဖြင့် လုံလောက်တယ်လို့ CPR New Guidelines 2010 ကဆိုပါတယ်။ ထူးခြားတာကတော့ နှလုံးနေရာ ဖိပေးတာကို ဦးစားပေး အရင်ဆုံးလုပ်ပါတဲ့။ လူတယောက် ကောက်ခါငင်ကာ နှလုံးသွေးရပ် မတ်တပ်ကလဲရင် ချက်ချင်း ရင်ညွန့်ရိုးပေါ်မှာ ဖိချပေးပါ။ ပါးစပ်ကနေမှုတ်တာနောက်မှ၊ လိုမှလုပ်ပါ။ ကြမ်းပြင်မာမာမှာ လူနာကိုလှဲထား။ သူ့ ရင်ညွန့်ရိုးပေါ်မှာ ကိုယ့်လက်ဝါးပြင် နှစ်ခုထပ်ပြီး လက်ဖနောင့်နဲ့ မိမိရရဖိချပါ။ လူကြီးဆိုရင် အောက်ကို ၂ လက္မ၊ ကလေးဆိုရင် ၁ လက္မခွဲ ကျသွာစေအောင် ဖိရမှာပါ။ တမိနစ်မှာ အကြိမ် ၁ဝဝ နှုန်း။ ဆိုချင်တာက တခါနဲ့တခါ ၁ စက္ကန့်တောင် မကြာစေပါနဲ့။ မမေ့အောင်ပြောရရင် ၁၉၇၇ စနေညချမ်းအဖျားထဲက ပေါ့ပ်ဒစ်စကိုသီချင်းက (ပါကားရှင်း) ကလဲ တမိနစ်မှာ ၁ဝဝ၊ နာမယ်ကလည်း Stayin' Alive ပါ။ နှလုံးရပ်ရင် အသက်ပြန်ရှင်အောင် တမိနစ်မှာ အကြိမ် ၁ဝဝ ဖိချပေးပါ။ Dr. တင့်ဆွေ

2021-11-27 01:32:56 - healer

CPR နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန်ပြုစုနည်း 


CPR ဆိုတာ Cardio-Pulmonary Resuscitation နှလုံး-အဆုပ်ပြန်လည်အလုပ်လုပ်စေရန် အရေးပေါ်ပြုစုပေးနည်း ဖြစ်တယ်။ နှလုံး-အဆုပ်ရုတ်တရက် ရပ်သွားစေတတ်သည့်အကြောင်းတွေကတော့ -

၁) Cardiac Arrest နှလုံးခုန်ရပ်သွားခြင်း၊

၂) Cardiac Attack နှလုံးသွေးကြောပိတ်ခြင်း၊

၃) Drowning ရေနစ်ခြင်း၊

၄) Drug Overdose ဆေးအလွန်များသွားခြင်း၊

၅) Poisoning အဆပ်သင့်ခြင်းနဲ့

၆) Electrocution လျှပ်စစ်ဓါတ်လိုက်ခြင်းတွေဖြစ်တယ်။


နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန် အရေးပေါ်ပြုစုပေးခြင်း အေ-ဘီ-စီ-ဒီ

A for Airway အသက်ရှူလမ်းစစ်ဆေးပါ၊

B for Breathing အသက်ရှူခြင်းရှိ-မရှိစစ်ဆေးပါ၊

C for Circulation သွေးလည့်လည်ခြင်းရှိ-မရှိစစ်ဆေးပါ၊

D for Defibrillation လျှပ်စစ်ဓါတ်နှင့် နှစ်လုံးခုန်စေသည့်စက်သုံးခြင်း၊


A for Airway အသက်ရှူလမ်းစစ်ဆေးခြင်း

နှာခေါင်း-ပါးစပ်တို့ပိတ်နေ-မနေစစ်ပါ။ လည်ပင်ရိုး ကျိုးနေ-မနေစစ်ပါ၊ လူနာကို မာသောကြမ်းပြင်ပေါ် တင်ထားပါ၊ သတိလစ်နေသည့်လူနာ၏လျာသည် အသက်ရှူလမ်း အာခေါင်ကို ပိတ်နေတတ်သည်။ ထိုသို့မပိတ်စေရန် လူနာ၏လည်ပင်းကို ဆန့်လျက် မေးစေ့ကို အထက် (ရှေ့) သို ့ မ-တင်ပေးထားရမည်။


B for Breathing အသက်ရှူခြင်းရှိ-မရှိစစ်ဆေးခြင်း

အသက်ရှူနေလျင် ရင်ပတ်-ဝမ်းဗိုက် လှုပ်နေမည်၊ နှာခေါင်းကလေထွက်မည်၊ ထွက်လေသည် အပြင်လေထက် အနည်းငယ်ပိုပူသည်။ အသက်မရှူပါက ချက်ချင်း Mouth-to-Mouth ပါးစပ်မှပါးစပ် လေမှုတ်သွင်းနည်းလုပ်ပါ။


C for Circulation သွေးလည့်လည်ခြင်းရှိ-မရှိစစ်ဆေးခြင်း

လည်ပင်းဘေးတဖက်တချက်ရှိ သွေးလွှတ်ကြောအားစမ်းပါ။ (ကရောတစ်အာထရီ)ဟုခေါ်သည်။ ၄င်းသည် သွေးခုန်ခြင်းမရှိပါက (စီ-ပီ-အာရ်) လုပ်ပါ။


D for Defibrillation လျှပ်စစ်ဓါတ်နှင့် နှစ်လုံးခုန်စေသည့်စက်သုံးခြင်းကို တကယ့်အရေးပေါ်မှာလုပ်ရတယ်။


Mouth-to-Mouth ပါးစပ်မှပါးစပ် လေမှုတ်သွင်းနည်း

ပါးစပ်၊ အာခေါင်၊ လည်ချောင်းထဲ ပစ္စည်းများ (အမှိုက်၊ အန်ဖတ်၊ အဝတ်စ) ဆို့ပိတ်နေပါက ဖယ်ရှားပါ။ လူနာကို ပက်လက်လှန်ထားပါ။ မာသောကြမ်းပြင်ဖြစ်က ပိုကောင်းသည်။ လူနာ၏လည်ပင်းကိုဆန့်လျက် မေးစေ့ကို အထက်(ရှေ့)သို့မတင်ပေးပါ။ လူနာ၏ပါးစပ်ကို ဖွင့်ထားပါ၊ မိမိက လေတဝကြီးရှူလိုက်ပြီး၊ လူနာ၏ပါးစပ်ကို မိမိပါးစပ်နှင့် တေ့ပိတ်လျက် လေသွင်းပေးပါ။ ပါးစပ်ဖွင့်မရပါက နှာခေါင်းကနေလေသွင်းပေးပါ။ ပါးစပ်ဖွင့်ရပါက နှာခေါင်းကို မိမိလက်နှင့်ပိတ်ပြီး၊ ပါးစပ်ကနေလေသွင်းပါ။ ပဌမဦးစွာ ၂ ကြိမ်လုပ်ပါ။ ထိုသို့လုပ်ရသည်မှာ အချိန် ၁ စက္ကန့်သာ ကြာမည်။ လူနာ၏အဆုပ်ကို လေဘူဘောင်းကဲ့သို့ အတင်းဖေါင်းသွားအောင်လုပ်ရန်မလိုပါ။ ၂ ကြိမ်လုပ်ပြီး ပြန်လည်ရှူလာမည်။ မရှူသေးပါက (စီ-ပီ-အာရ်) လုပ်ပါ။


လူကြီး CPR လုပ်နည်း


လူနာကို မာသောကြမ်းပြင်ပေါ်ထားပါ၊ မိမိက လူနာ၏ဘေးမှာ ဒူးနှစ်ဖက်ထောက်ထိုင်ပါ။ လူနာမှ တင်းကြပ်နေသော အဝတ်အစားများ လျော့ပါ-ဖယ်ပါ။ မိမိ၏လက်ဝါးနှစ်ဖက်ကို ထပ်လျက် လူနာ၏ရင်ပတ် အလယ်ကောင် တည့်တည့် နို့အုံနှစ်ဖက်၏အလယ်၊ ရင်ညွန့်ရိုးအပေါ်မှာ တင်ပါ၊ မိမိ၏လက်နှစ်ဖက်ကို ဆန့်တန်းထားပြီး၊ မိမိ၏ ကိုယ်အလေးချိန်ကို လက်နှစ်ဖက်အပေါ်သို့ပြောင်းရွှေ့ကာ မိမိ၏လက်ပါးနှစ်က လူနာ၏ရင်ပတ်ကို ဖိချပေးရမည်။ ၂ လက်မခန့် ကျသွားအောင် ဖိလိုက်ပြီးနောက် လုံးဝကြွလိုက်ရမည်။ တမိနစ်လျင် အကြိမ် ၁ဝဝ နှုန်းဖြင့် ထိုအတိုင်း ဖိလိုက်-ကြွလိုက် လုပ်ရမည်။ အကြိမ် ၃ဝ လုပ်ပြီးတိုင်း ပါးစပ်မှလေးသွင်းခြင်း ၂ ခါလုပ်ရမည်။ ရင်ပတ်ဖိ-ကြွခြင်းနှင့် ပါးစပ်မှလေသွင်ခြင်းကို စုစုပေါင်း ၂ မိနစ် သို ့မဟုတ် ၅ ပါတ် လုပ်ရမည်။


တနှစ်အောက်ကလေးအား CPR လုပ်နည်း

အသက်ရှူလမ်းစစ်ဆေးပါ။ ပိတ်နေလျင်ဖွင့်ပါ။ လေနှစ်ကြိမ် ညင်သာစွာသွင်းပေးပါ။ ကလေး၏ ပါးစပ်ရောနှာခေါင်းပါ မိမိ၏ပါးစပ်က ငုံလျက်သွင်းပါ။ ကလေး၏ရင်ပတ်ပေါ် မိမိလက်ဝါးနှစ်ဖက် ထပ်တင်လျက် ကလေးရင်ပတ်၏ သုံးပုံတပုံ ပြားသွားအောင် ဖိပေးပါ။ တမိနစ်လျင် အကြိမ် ၂ဝဝ နှုန်းဖြင့် အခါ ၃ဝ လုပ်ပြီးတိုင်း ပါးစပ်မှလေသွင်းရမည်။ လူကြီးကဲ့သို့ အကြိမ် ၃ဝ ဖိပြီးတိုင်း၊ လေနှစ်ခါမှုတ်ပေးရမည်။ စုစုပေါင်း ၂ မိနစ် သို့မဟုတ် ၅ ပါတ် လုပ်ရမည်။


နောက်ဆုံးပေါ်နည်း

နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်ခြင်း အရေးပေါ်ပြုစုပေးရန် ပါးစပ်-ပါးစပ် လေမှုတ်စရာမလို၊ လက်ဖြင့် ရင်ပတ်ကိုဖိခြင်း တမျိုးတည်းဖြင့် လုံလောက်တယ်လို့ CPR New Guidelines 2010 ကဆိုပါတယ်။ ထူးခြားတာကတော့ နှလုံးနေရာ ဖိပေးတာကို ဦးစားပေး အရင်ဆုံးလုပ်ပါတဲ့။ လူတယောက် ကောက်ခါငင်ကာ နှလုံးသွေးရပ် မတ်တပ်ကလဲရင် ချက်ချင်း ရင်ညွန့်ရိုးပေါ်မှာ ဖိချပေးပါ။ ပါးစပ်ကနေမှုတ်တာနောက်မှ၊ လိုမှလုပ်ပါ။ ကြမ်းပြင်မာမာမှာ လူနာကိုလှဲထား။ သူ့ ရင်ညွန့်ရိုးပေါ်မှာ ကိုယ့်လက်ဝါးပြင် နှစ်ခုထပ်ပြီး လက်ဖနောင့်နဲ့ မိမိရရဖိချပါ။ လူကြီးဆိုရင် အောက်ကို ၂ လက္မ၊ ကလေးဆိုရင် ၁ လက္မခွဲ ကျသွာစေအောင် ဖိရမှာပါ။ တမိနစ်မှာ အကြိမ် ၁ဝဝ နှုန်း။ ဆိုချင်တာက တခါနဲ့တခါ ၁ စက္ကန့်တောင် မကြာစေပါနဲ့။ 


မမေ့အောင်ပြောရရင် ၁၉၇၇ စနေညချမ်းအဖျားထဲက ပေါ့ပ်ဒစ်စကိုသီချင်းက (ပါကားရှင်း) ကလဲ တမိနစ်မှာ ၁ဝဝ၊ နာမယ်ကလည်း Stayin' Alive ပါ။ နှလုံးရပ်ရင် အသက်ပြန်ရှင်အောင် တမိနစ်မှာ အကြိမ် ၁ဝဝ ဖိချပေးပါ။


Dr. တင့်ဆွေ

More Posts