healer 2 years ago
healer

FSH ဖေါ်လီကူလာ ဟော်မုန်

Follicle-stimulating hormone (FSH) ဆိုတာ အမျိုးသမီးတွေ မျိုးဥအိမ်ထဲက (ဖေါ်လီကယ်) ကို နှိုးဆွပေးတဲ့ ဟော်မုန်း ဖြစ်တယ်။ သူထွက်အောင် ဦးနှောက်ထဲမှာရှိတဲ့ (ပစ်ကျူထရီ) အိတ်ကနေထုတ်တဲ့ (ဂိုနာဒိုထရော်ဖင်) ကလုပ်ပေးတယ်။

(၁) ဆရာရှင့် သမီး နာမည်က့ ပါ။ အသက် ၃ဝ နှစ်ပါ။ အခု့ မှာအလုပ်လုပ်ပါတယ်ရှင့်။ အိမ်ထောင်ကျတာ လေးနှစ်ရှိပါပြီဆရာ။ နှစ်နှစ် ဆက်တိုက်က marvelon 28 ကို နှစ်နှစ် တိတိသောက်ခဲ့ပါတယ်ဆရာ။ ဆေးမသောက်တာ ၂ နှစ်ရှိပါပြီဆရာ။ အခြေအနေ မထူးခြားသေးပါဆရာ။ ရန်ကုန်ပြန်တော့ OG နဲ့ပြဖြစ်ပါတယ်။ သမီးကို LH FSH စစ်ခိုင်းတော့ သမီးရဲ့ LH-FSH 0.178 ပဲရှိပါတယ်ဆရာ။ မမျိုးဥကြွေတာ တအားအားနည်းလို့ တားဆေး ၃ လ ထပ်သောက်ခိုင်းပါတယ်။ သိချင်တာက အဲလို တားဆေးထပ်သောက်လို့ ၃လ ပြီးရင် ကလေးရနိုင်ခြေ ရှိတာ ဖြစ်နိုင်ပါသလားရှင့်။ ပြီးတော့ သားဥကြွေအောင် ဆေးထိုးဆေးသောက် လုပ်လို့ရပါသလားရှင့်။

(၂) ကျွန်မ အသက် ၃၈ နှစ်ရှိပါပြီ။ ၂၉ နှစ်မှာအိမ်ထောင်ကျပါတယ်။ ကိုယ်ဝန်တားဆေးလုံးဝ မသုံးစွဲခဲ့ဘူးပါရှင့်။ ၂ဝဝ၈ မှာ့ မှာကျောင်းလာတက်ပါတယ်။ ယောကျ်ားကတော့ အလုပ်လုပ်ပေါ့။ ၂ဝဝ၈ နောက်ပိုင်းကစပြီး ရာသီက မမှန်တော့ပါဘူး။ ရာသီလာပြီး ခင်ပွန်းနဲ အတူပြန်နေရင် သွေးပြန်နဲနဲဆင်းခြင်ပါတယ်။ ပြီးရင်ရာသီက ၃ လလောက် ပျောက်ပါတယ်။ ဒါနဲ့ရန်ကုန်ပြန်ပြီး specialist နဲ့ပြတော့မွေးလမ်းကြောင်းမှာ အဖုလေးလို ရှိလို့ သွေးဆင်းတယ် ပြောပြီးတော့ D+ C လုပ်ပေးပါတယ်။ ဒါပြီး ၆ လလောက် ရာသီမှန်ပါတယ်။ ဆရာရေ ပျောက် ၆ လ လာ ၂ လပေါ့ဆရာ။ ဟော်မုန်းစစ်ကြည့်တော့ FSH ကမြင့်နေပါတယ်။ ဆရာဝန်က ဘာမှမပြောတော့ ကြောက်ရကောင်းမှန်း မသိခဲ့ပါဘူး။ 72 ကီလိုလောက် ရှိတော့ ဝိတ်လျော့ရမယ်ဆိုပြီး ဒီလိုနဲ့ပဲပြီးပြီးပြောက်ပြောက် နေပြန်ပါရော။ ရာသီက ဆေးမသောက်ရင် မလာသလောက်ပါပဲ။ ၂ဝ၁၁ (၁၁) ပိုင်း မြန်မာပြည်မှာ ဟော်မုန်းစစ်ပြန်ရော FSH ကတော့ အရင်လောက်ပဲ မြင့်နေပါတယ်။ ၂ဝ၁၂ ဇွန်လမှာတော့ ကို သွားပြတော့ သွေးဆုံးတာဖြစ်နိုင်တယ်ဆိုတာနဲ့ တော်တော်လန့်ပြီး စိတ်မကောင်းဖြစ်နေပါတယ်။ အဲဒီတုန်းက ကျွန်မအသက်က (၃၅) ပါ။ မျိုးရိုးလည်းမရှိပါပဲ သွေးဆုံးသွားပါတယ်။ အချိန်ရှိတုန်း မျိုးဥအလှူရှင်နဲ့ ကလေးတစ်ယောက်လောက် ကြိုးစားကြည့်ရမလား ဆုံးဖြတ်ထားပါတယ်။ သားအိမ် အခြေအနေ ကောင်းတယ်လို့ ပြောပါတယ်။ ကျွန်မမေးခြင်တာက ကျွန်မအနေအထားနဲ့ ကြိုးစားခွင့် ရှိနိုင်အုံးမလား ဆိုတာပါ။ ငွေအလွန်သုံးရမဲ့ အခြေအနေဆိုတော့ ဖြစ်နိုင်ခြေကို သိချင်လို့ပါဆရာ။

Follicle-stimulating hormone (FSH) ဆိုတာ အမျိုးသမီးတွေ မျိုးဥအိမ်ထဲက (ဖေါ်လီကယ်) ကို နှိုးဆွပေးတဲ့ ဟော်မုန်း ဖြစ်တယ်။ သူထွက်အောင် ဦးနှောက်ထဲမှာရှိတဲ့ (ပစ်ကျူထရီ) အိတ်ကနေထုတ်တဲ့ (ဂိုနာဒိုထရော်ဖင်) ကလုပ်ပေးတယ်။ FSH ကနေ ဖွံ့ထွားမှု၊ ကြီးထွားမှုနဲ့ အပျိုဖြစ်စရာသီလာစေအောင်လုပ်ပေးတယ်။ FSH နဲ့ luteinizing hormone (LH) ဟော်မုန်း ၂ မျိုးဟာ မျိုးပွါးခြင်းအလုပ်မှာ အလွန်အရေးပါကြတယ်။ ယောက်ျားတွေမှာလဲ germ cells ခေါ်တဲ့ မျိုးပွါးဆဲလ်တွေကို ကြီးထွားစေဘို့လုပ်ပါတယ်။

မိန်းမတွေမှာ မျိုးဥအိမ်ထဲက ဖေါ်လီကယ်ကို ကြီးထွားမှုကို အစပျိုးပေးတယ်။ ရာသီဖြစ်စဉ်ထဲက (ဖေါ်လီကယ်) အဆင့်မှာ သူက နည်းသွားပြီး၊ (လူတီရယ်) အဆင့်အဆုံးမှာ နဲနဲတက်လာတယ်။ နောက်တကြိမ် မျိုးဥထွက်ဘို့ စတင်တော့မယ်။

သွေးဆုံးကာနီးလာရင် FSH level များလာပြီ။ သူ့ကြောင့် မျိုးဥအိမ်ထဲက (ဖေါ်လီကယ်) တွေ ရင့်လာပြီး ၈-၁ဝ မီလီမီတာ ရှိလာချိန်မှာ Estradiol (အီစထွာဒီရော) မ ဟော်မုန်းကို ထုတ်ပေးတယ်။ ဖေါ်လီကယ်တွေထဲက တခုထဲသာ ၁၈-၃ဝ မီလီမီတာအထိကြီးတယ်။ သူကနေ မျိုးဥထုတ်ပေးမယ်။

ယောက်ျားတွေမှာ ပဌမအဆင့် spermatocytes သုက်ပိုးတွေကို ဒုတိယအဆင့်ဖြစ်လာအောင်လုပ်ပေးတယ်။ Sertoli cells (ဆာတိုရီ ဆဲလ်) တွေကနေ Androgen-binding proteins (အင်ဒရိုဂျင်) ပေါင်းစပ်ပေးတဲ့ (ပရိုတင်း) ကို ထုတ်စေတယ်။


High FSH levels အနည်း-အများ

နည်းနေတာဟာ ငယ်သေးလို့၊ များနေတာဟာ အသက်ရလာလို့ဖြစ်တယ်။ မိန်းမဆိုရင် သွေးဆုံးချင်လို့ဖြစ်မယ်။ ယောက်ျားတွေမှာ များနေရင် အသက်ကြီးလို့၊ ကျားအစေ့မကောင်းလို့ (ထိခိုက်မိ၊ ဆေးပေး၊ အရက်စွဲ)၊ Klinefelter syndrome (ကလိုင်ဖယ်လ်တာ ဆင်ဒရုမ်း)၊ ဟော်မုန်းဆေးကုသမှုခံနေလို့၊ ဦးနှောက်အကျိတ်ရှိလို့ဖြစ်နိုင်တယ်။ ယောက်ျားလေးငယ်နဲ့ မိန်းကလေးငယ်တွေမျာ များလာရင် အရွယ်ရောက်တော့မှာမို့ဖြစ်မယ်။

  • Premature menopause သွေးဆုံးချိန်မရောက်ခင်မှာ နည်းနေရင်
  • Premature Ovarian Failure မျိုးဥအိမ်စောပြီး အလုပ်မလုပ်ခြင်း၊
  • Premature Ovarian Aging မျိုးဥအိမ် စောပြီး ကြီးရင့်ခြင်း၊
  • Gonadal dysgenesis, Turner syndrome (တားနား ဆင်ဒရုမ်း)၊
  • Castration မျိုးဥအိမ်တွေထုတ်ထားခြင်း၊
  • Swyer syndrome (ဆွေယား ဆင်ဒရုမ်း)၊
  • Klinefelter syndrome (ကလိုင်ဖယ်လ်တာ ဆင်ဒရုမ်း)၊

FSH levels နည်းနေရင် Hypogonadism ဦးနှောက်ထဲက နည်းနေတဲ့ရောဂါတခုဖြစ်နိုင်တယ်။ subfertility and/or infertility မျိုးပွါးဘို့မဖြစ်နိုင်တာနဲ့ အားနည်းတာဖြစ်နေကြမယ်။ ယောက်ျားတွေဆိုရင် သုက်ပိုးတွေ အရေအတွက် နည်းနေမယ်။ ယောက်ျားတွေမှာ နည်းနေရင် ဦးနှောက်ထဲက ဂပစ်ကျူထရီ) နဲ့ (ဟိုက်ပိုသဲလ်မတ်တ်) နေရာတွေမှာ ရောဂါရှိနေလို့။


မိန်းမတွေဆိုရင်

  • လူကပိန်လို့၊ ကိုယ်အလေးချိန်ကျသွားလို့၊ မျိုးဥမထွက်လို့၊ ကိုယ်ဝန်ဆောင်နေလို့ ဖြစ်မယ်။
  • Polycystic Ovarian Syndrome မျိုးဥအိမ်အကျိတ်လေးတွေအများကြီးရှိနေခြင်း၊
  • Kallmann syndrome (ကယ်လ်မန်း ဆင်ဒရုမ်း)၊
  • Hypothalamic suppression (ဟိုက်ပိုသဲလမစ်) အားနည်းခြင်း၊
  • Hypopituitarism (ပစ်ကျူထရီ) အားနည်းခြင်း၊
  • Hyperprolactinemia (ပရိုလက်တင်) များနေခြင်း၊
  • Gonadotropin deficiency (ဂိုနာဒိုထရောဖင်) နည်းခြင်း၊
  • Gonadal suppression therapy ဆေးတွေပေးခြင်း။


Use as therapy ဆေးကုရာမှာသုံးခြင်း

Infertility therapy ကလေးမရနိုင်သေးသူတွေကိုပေးနိုင်တယ်။ အထူးသဖြင့် IVF နည်းနဲ့ကလေးရအောင်လုပ်တဲ့အခါ သုံးတယ်။


FSH blood test သွေးစစ်ရင် -

(၁) Male ယောက်ျား

  • လူပျိုမတိုင်ခင် 0 - 5.0 mIU/ml
  • လူပျိုပေါက် 0.3 - 10.0 mIU/ml
  • အရွယ်ရောက် 1.5 - 12.4 mIU/ml

(၂) Female မိန်းမ

  • အပျိုမဖြစ်ခင် 0 - 4.0 mIU/ml
  • အပျိုပေါက် 0.3 - 10.0 mIU/ml
  • အရွယ်ရောက်ပြီး သွေးမဆုံးခင် 4.7 - 21.5 mIU/ml
  • သွေးဆုံးပြီး 25.8 - 134.8 mIU/ml


ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2015/06/fsh.html

#DrTintSwe #FSH

hello
0
# Health, Life Style

Common Cold in Children ကလေးတွေ အအေးမိရင်

healer 2 years ago
0
# Health, Life Style

Cervicitis Inflammation of the uterus

healer 2 years ago
0
# Health, Life Style

Hydrogen peroxide ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်

healer 2 years ago
0
# Health, Life Style

Airway Obstruction အသက်ရှူလမ်းပိတ်ခြင်း

healer 2 years ago
0

Weight loss surgery cures half of type-2 diabetes cases

healer 2 years ago