Hemifacial spasm (HFS) မျက်နှာတခြမ်းအသားလှုပ်ခြင်း

မျက်နှာမှာ အမူအယာကိုဖေါ်ပြရာမှာသုံးတဲ့ ကြွက်သားတွေကို facial nerve အာရုံကြောကနေအလုပ်လုပ်ပေးနေတယ်။ အဲဒီအာရုံကြောထိခိုက်မိရာကနေဖြစ်နိုင်တယ်။ အကျိတ်အလုံးကနေလည်းဖြစ်စေတယ်။

2021-11-08 03:33:19 - healer

ဆရာရှင့် ကျမက အသက် ၃၆ နစ်၊ အိမ်ထောင်နဲ့ ၅ နှစ်အရွယ်ကလေးရှိပါတယ်။ humifacial spasm ကို လွန်ခဲ့တဲ့ ၁ဝ နစ်က နဲနဲချင်းစလာတာ အခု မျက်နှာတခြမ်းလုံး အကြောဆွဲသလို မကြာအကြာဖြစ်နေပါပြီ။ botox ကို ဖြစ်ခါစက ထိုးပေမယ့် မသက်သာလို့ ဆက်မထိုးတော့ပါဘူး။ အခု မျက်နာတခြမ်းက တော်တော် ကြည့်ရအောင် ရွဲ့ပြီးဆွဲသွားတာ ဖြစ်နေလို့ botox ကို ပြန်ထိုးရမလား မထိုးရဘူးလား advise ပေးပါရှင်။ ကျန်တဲ့ညာဘက်ကိုကော ကူးတတ်ပါလား။ အခု ညာဘက်က မျက်စိကတ်သလို တခါတခါဖြစ်နေလို ပါ။ ရေးထားတာအမှားပါရှင်ခွင့်လွတ်ပါရှင့် လေးစားစွာဖြင့်။

မျက်နှာတခြမ်း အကြောဆွဲသလိုဖြစ်တာကို Hemifacial Spasm လို့လည်းခေါ်တယ်။ စိတ်ကနေထိန်းမရပါ။ ဖြစ်တဲ့သူ ၉၂% ဟာ မျက်လုံးဝန်းကျင်ကနေ စဖြစ်ကြတယ်။ လူ တသိန်းမှာ ၈ ယောက်လောက်ဖြစ်တယ်။ ဖြစ်တဲ့အသက် ပျမ်းမျှက ၄၄ နှစ်အရွယ်။

မျက်နှာမှာ အမူအယာကိုဖေါ်ပြရာမှာသုံးတဲ့ ကြွက်သားတွေကို facial nerve အာရုံကြောကနေအလုပ်လုပ်ပေးနေတယ်။ အဲဒီအာရုံကြောထိခိုက်မိရာကနေဖြစ်နိုင်တယ်။ အကျိတ်အလုံးကနေလည်းဖြစ်စေတယ်။ Bell’s palsy မျက်နှာတခြမ်း လေဖြတ်ရာကနေလည်း ဆက်ဖြစ်နိုင်တယ်။ အများဆုံးဖြစ်တာကတော့ အဲဒီအာရုံကြောပေါ်ကို anterior inferior cerebellar artery သွေးလွှတ်ကြောက ဖိနေလို့ဖြစ်တယ်။

ဆေးပေးကုသနည်း

  1. အတက်ကသက်သာဆေး carbamazepine (Tegretol) နဲ့ phenytoin (Dilantin) ဆေးတွေသုံးတယ်။ ဖြစ်တာ မသိပ်မကြာသေးသူတွေနဲ့ ဘိုတူလဇင်လည်းမထိုးချင်ရင် ပေးနိုင်တယ်။
  2. ကြွက်သားပြော့ဆေး Clonazepam (Klonopin) နဲ့ Baclofen (Lioresal, Gablofen) ဆေးသုံးနိုင်တယ်။ diazepam (Valium) ဆေးလည်းသုံးတယ်။
  3. Botulinum Toxin Injection ဘိုတူလဇင်ထိုးဆေးနည်းမြှ type A ဘိုတူလဇင်အေ ထိုးဆေးက ၃ လကနေ ၆ လအထိခံတယ်။ type B ဘိုတူလဇင်ဘီထိုးဆေးကို အဖြစ်များတဲ့သူနဲ့ မျက်ခုံးပါလှုပ်သူတွေကို ထိုးပေးနိုင်တယ်။
  4. Surgical Decompression ခွဲစိတ်နည်းမှာ Compressive lesions အမျိုးအစားကတော့ ခွဲစိတ်နည်းလုပ်သင့်တယ်။ Microvascular decompression surgery နည်းလုပ်ပေးနိုင်တယ်။


ဒေါက်တာတင့်ဆွေ
၁၆-၁ဝ-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/10/hemifacial-spasm-hfs.html


#DrTintSwe #Hemifacial spasm

More Posts