Hirschsprung Disease မွေးရာပါအူပိတ်ရောဂါတမျိုး

ကလေးအသက်က ၂ နှစ်ရက်ပိုင်းပဲကျော်ပါသေးတယ်။ လသားတုန်းက အူရှည်လို့ဆိုပြီး ၆ လ သာအရွယ်မှာ အူတခါ ဖြတ်ထား ရပါတယ်။ ၁ နှစ် ၈ လ အရွယ်မှာ တခါထပ်ဖြတ်ရပါတယ်။ ခု ၂ နှစ်ပြည့်ပြီးမှ ဝမ်းသွားတာ အညိုရောင်သွားနေ လို့ ၃ ရက်မြောက်ရှိပါပြီ အစားလည်းစားပါတယ်။ ဆော့လည်းဆော့ပါတယ်။ ဘယ်လိုကြောင့်ဖြစ်တာလဲဆိုတာ မသိလို့ ဆရာကို အကူညီတောင်း ဆွေနွေးကြည့်တာပါ။

2021-11-07 17:18:21 - healer

ရောဂါအမည် ဆေးစာလုံးပေါင်း သိပါသလား။ ဘယ်နိုင်ငံ၊ ဘယ်မြို့မှာလည်း။

မုံရွာမြို့ကပါ။ ရောဂါအမည်တော့ အတိအကျမသိပါဘူးဆရာ။ ၁၂ ရက်သားအရွယ်က ဝမ်းမသွားလို့ အူထုတ်ပြီး ဗိုက်ကနေဝမ်းသွပြီး ၆ လအရွယ်မှာ အူရှည်လို့ဆိုပြီးဖြတ်ရပါတယ်။ ကင်ဆာဆေးစစ်တော့ မရှိဘူးလို့ ပြောပါတယ် ဆရာ။ ဆေးစာအုပ်ထဲ ကြည့်ပြီး ကျနော် ဆေးစာလုံးပေါင်ကို ပို့ပေးပါ့မယ်။ Hirschpruns အဲဒါလား မသိဘူး ခင်ဗျ။

Hirschsprung Disease မွေးရာပါအူပိတ်ရောဂါတမျိုးကို Megacolon အူကြီးနေတာလို့လည်းခေါ်ကြတယ်။ အစာခြေလမ်းအောက်ပိုင်းမှာ အာရုံကြောအလုပ်မလုပ်လို့ အူလမ်းပိတ်နေတာဖြစ်တယ်။ ကလေးအရှင်မွေး ၅ဝဝဝ မှာ ၁ ယောက်ဖြစ်နိုင်တယ်။ ယောက်ျားလေးတွေမှာ ပိုဖြစ်တယ်။ တခြားမွေးရာပါရောဂါတခုခု (ဒေါင်းဆင်ဒရုမ်း) နဲ့တွဲဖြစ်တတ်တယ်။

ကလေးရဲ့အူမကြီးဟာ ၅ ပေလောက်ရှည်တယ်။ အဲဒီကနေရာတခုခုမှာရောဂါဖြစ်တယ်။ အူမကြီးအဆုံးပိုင်းနေရာမှာ အဖြစ်များတယ်။ ခွဲစိတ်ကုသမှုလုပ်ရတယ်။ ခွဲပြီးကောင်းတဲ့ကလေးကများတယ်။ ရောဂါနဲ့ကလေးကို မွေးပြီး ရက်နည်းနည်းမှာ သိသာလာမယ်။ တချို့ကြာမှသာသတိထားမိတယ်။ ဝမ်းချုပ်နေမယ်။ ဗိုက်ဖေါင်းနေမယ်။ အန်မယ်။ အန်တာက ဝါညိုညိုအရောင်ဖြစ်မယ်။ ကိုယ်ပူမယ်။ ဝမ်းပျက်နိုင်တယ်။ တချို့ကလေးတွေမှာ ပိုးဝင်တာရှိမယ်။ ဝမ်းအလွန်ချုပ်မယ်။ အရည်တွေသာဝမ်းသွားမယ်။ အစားပျက်မယ်။ ဖွံ့ဖြိုးမှုနောက်ကျနေမယ်။

ဗိုက်ကိုဓါတ်မှန်ရိုက်စစ်ရတယ်။ ဆေးသွင်းရိုက်ရတယ်။ အသားစထုတ်ယူစစ်တာလည်းလုပ်နိုင်တယ်။ Anorectal manometry ခေါ်တဲ့လေလုံးလေးနဲ့စမ်းနည်းလည်းလုပ်တယ်။

ကုသနည်းများမှာ ခွဲစိတ်ကုသနည်းလုပ်ရတယ်။ ခွဲတာမှာ အူမကြီး ရောဂါဖြစ်နေတဲ့အစိတ်အပိုင်း ဖယ်ှားပေးတယ်။ ပိတ်နေတာတွေဖယ်ပေးနည်းလည်းလုပ်တယ်။ Irrigation လို့ခေါ်တယ်။ Laparoscopic methods ကရိယာနဲ့ခွဲနည်းလည်းရှိတယ်။ enterocolitis ရောင်ရမ်းတာဖြစ်နေပြီး Irrigation နည်းနဲ့လည်းမရရင် Ileostomy or colostomy အူကို ဗိုက်အပြင်ဖက်ဖေါက်ပေးထားရတယ်။ Sodium ဓါတ်ဆား အစားထိုးပေးရတယ်။ လိုတဲ့အာဟာရလည်းဖြည့်ပေးရတယ်။ ကောင်းလာတဲ့အခါ သူ့လမ်းသူသွားစေမယ်။ ခွဲစိတ်ပြီးနောက် ဝမ်းခဏခဏသွားလို့ စအိုနေရာကို ဂရုစိုက်ပေးရတယ်။

Enterocolitis အူလမ်းရောင်တာဖြစ်လာတတ်တယ်။ ဆေးကြောနည်းနဲ့ ပိုးသေဆေးပေးနည်းလုပ်ပေးရမယ်။ ဝမ်းချုပ်တတ်လို့ အစားအသောက်နဲ့ Laxatives ဝမ်းနုပ်ဆေးပေးရတယ်။ Redo of the pull-through ထပ်ခွဲရတာလည်း ရှိတတ်တယ်။ Incontinence ဝမ်းမလုံတာလည်းဖြစ်နိုင်တယ်။ အူအလုပ်လုပ်တာသိပ်နှေးနေရင် Senna-based stimulant laxative ပွေးကိုင်းဝမ်းနုပ်ဆေးသုံးရတယ်။ အူအလုပ်သိပ်မြန်နေရင် ဝမ်းလျှောမယ်။ Loperamide ဝမ်းပိတ်ဆေးပေးမယ်။ ဆန်၊ ငှက်ပျော်သီးနဲ့ ပန်းသီးဆော့စ်တွေစားစေရတယ်။ တချို့ကလေးကို Small volume enema (200-500 mL) ဝမ်းခြူပေးရတယ်။

တာရှည်ဝမ်းခြူရမယ့်ကလေးဆိုရင် Malone appendicostomy ခွဲစိတ်နည်းလုပ်ပေးရတယ်။ ဝမ်းခြူနည်းတမျိုးဖြစ်တယ်။ Sacral nerve stimulation အာရုံကြောနှိုးဆွပေးနည်းလည်းရှိတယ်။ အူပိတ်နေရင် Reoperative (Re-do) surgery ခွဲနည်းလုပ်ရတယ်။


ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/12/hirschsprung-disease.html
#DrTintSwe #Hirschsprung Disease

More Posts