healer 2 years ago

Mastitis and Breast Abscess နို့နာ

ကိုယ်ဝန်ဆောင်တွေကို ရေချိုးတိုင်း နို့သီးထိပ်ကလေး ဆေးပေးဘို့မှာရတာ အဲဒါကြောင့်ဖြစ်တယ်။ နို့ထွက်ပြွန်လေးတွေရဲ့ ထိပ်ဝကို ချွေး၊ အဆီ၊ အညစ်အကြေး ပိတ်နေတာကနေ နို့နာဖြစ်လာတတ်တယ်။

ဆရာရှင့် ကျမအသက် ၃၂နှစ်ပါ ကလေးတယောက်မိခင်ပါ သမီးလေးအသက် ၁၀ နှစ်ပြည့်ပါပြီ မရိုသေ့စကားမို့ ကန်တော့ပါဆရာ ကလေးနို့ဖြတ်ထားတာကြာပေမဲ့ကျမမှာ နို့ရည်ခုထိထွက်နေလို့ပါဆရာ နို့ရည်က အဖြူရောင်မဟုတ်ပဲ ပြည်ပုပ်တွေလို ချွဲပြစ်ပြစ်အဝါနှစ်ရောင်ဖြစ်နေပါတယ်ဆရာ ရင်သားနဲ့ပတ်သတ်တဲ့ရောဂါတခုခုများဖြစ်နေသလား စိုးရိမ်မိလို့ပါဆရာ

ပြည်တွင်းမှာ ဆရာဝန်လုပ်ခဲ့ရစဉ်က မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ ကလေးဖွါးပြီး သားဦးဆိုရင် နို့နာပေါက်တာ ၃ ယောက်မှာ ၁ ယောက်လောက် တွေ့တယ်။ ဒေလီမှာတော့ အတော်နည်းပါတယ်။ WHO ခန့်မှန်းချက်အရ နို့တိုက်မိခင် ၂့၆% ကနေ ၃၃% ရှိတယ်။ ၁ဝ ယောက် ၁ ယောက်လို့ ပြောနိုင်တယ်။ အမေရိကားမှာ ၅-၃၃% ဖြစ်တယ်လို့ဆိုတယ်။ နို့တိုက်သူထဲက ဝ့၄-ဝ့၅% သာ နို့ပြည်တည်နာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်တွေကို ရေချိုးတိုင်း နို့သီးထိပ်ကလေး ဆေးပေးဘို့မှာရတာ အဲဒါကြောင့်ဖြစ်တယ်။ နို့ထွက်ပြွန်လေးတွေရဲ့ ထိပ်ဝကို ချွေး၊ အဆီ၊ အညစ်အကြေး ပိတ်နေတာကနေ နို့နာဖြစ်လာတတ်တယ်။ ဖိအိပ်ရကနေ နို့သွားလမ်း ကျဉ်း-နှေး သွားတာ၊ ကလေးက နိုင်အောင်မစို့နိုင်တာ။ နို့အောင်းနေတာက အကြောင်းတွေဖြစ်တယ်။ အတွင်းခံကြောင့်လဲ ဖြစ်နိုင်တယ်။ 

Mastitis နို့ရောင်တာရော Breast abscess နို့ပြည်တည်နာပါ နာတယ်။ ပြည်တည်ရင် ပိုနာတယ်။ နို့တဘက်ထဲဖြစ်တာ များတယ်။ ဖြစ်တဲ့နို့တင်းနေမယ်၊ ပူနေမယ်၊ မအီမသာနဲ့ နေမကောင်းဖြစ်မယ်၊ ဖြစ်တဲ့နို့နေရာမှာ ရောင်နေမယ်၊ ပူလောင်ပြီး နာနေတာက ဆက်တိုက်ဖြစ်မယ်၊ ကလေးနို့တိုက်ရင် ပိုသိသာမယ်၊ အနာအပေါ်က အရေပြား နီနေမယ်၊ ပုံစံက နို့သီးထိပ်ဘက်ကို ရှူးသွားတဲ့ တရိဂံပုံဖြစ်နေမယ်၊ ရောင်ပြီး ဖေါင်းစူနေမယ်၊ နို့နာနေရာက အရေပြားနဲ့ နီးရင် ပိုနာမယ်။ ဖေါင်းလာတာ စောစောသိမယ်။ နာပေမဲ့ ကံကောင်းတယ်အောက်မေ့ပါ။ အတွင်းထဲဖြစ်တာက နာတာကို နောက်ကျမှသိရလို့ အနာခေါင်း အကြီးကြီးဖြစ်နေလောက်ပြီ။ အဖျားမယ်၊ အပူချိန် ၁ဝ၁ ထက်ကျော်နိုင်တယ်၊ ကိုက်ခဲတာ၊ ချမ်းတုံတာ၊ စိုးရိမ်စိတ်ကဲပြီး၊ စိတ်မသက်မသာ ဖြစ်မယ်၊ အားယုတ်မယ်။

နို့ရောင်တာအတော်များများက ရောဂါဖြစ်စေတဲ့ ပိုးကြောင့်မဟုတ်ပဲဖြစ်တယ်။ သန့်ရှင်းရေးလိုလို့လဲ မဟုတ်ဘူး။ S. aureus ပိုးကနေ အများဆုံးဖြစ်စေတယ်။ S. epidermidis နဲ့ Streptococci ပိုးတွေကလဲ ဖြစ်တယ်။ ကလေးနို့တိုက်တဲ့ကာလတွေမှာ ဖြစ်တာကို Puerperal Mastitis မီးတွင်းနို့နာလို့ ခေါ်ပြီး၊ နို့တိုက်ချိန်လဲမဟုတ် ဖြစ်ချင်တာကို Nonpuerperal Mastitis လို့ ခေါ်တယ်။ နို့တိုက်တဲ့ကာလလို့ ပြောတာ သိပ်တော့ မမှန်ပြန်ဘူး။ မီးဖွါးပြီးစကာလလို့ပြောမှ မှန်တယ်။ မွေးထားပြီး ကလေးကို နို့မတိုက်သူတွေမှာလဲ နို့နာ ဖြစ်သေးတယ်။ ယောက်ျားတွေမှာလဲ ဖြစ်ပါတယ်။

နို့နာ ဟုတ်-မဟုတ် စမ်းသပ်တာနဲ့ သိတယ်။ ဒါပေမဲ့ လိုအပ်ရင် (အာလ်ထွာဆောင်း) ရိုက်မယ်။ ဆေးပေးနေပေမဲ့ မသက်သာသူတွေကို Mammograms နဲ့ Breast biopsies လုပ်မယ်။ နို့ကင်ဆာကို သံသယတော့ ရှိရပေမဲ့ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်နေသူတွေမှာ မဖြစ်တတ်ပါ။ နို့နာ ထပ်ဖြစ်နေသူအနေနဲ့လဲ ကင်ဆာကို ထူးပြီး စိုးရိမ်စရာ မလိုပါ။ Fibrocystic disease ဆိုတဲ့ နို့နာတမျိုးကို အရင်က Chronic cystic mastitis နာတာရှည်-နို့နာလို့ ခေါ်ခဲ့ဘူးတဲ့ Inflammatory breast cancer ကင်ဆာအမျိုးအစားက နို့နာနဲ့ အတော်ဆင်လို့ အသေအခြာ ခွဲဘို့လိုမယ်။

ရေနွေးဝတ်၊ ရေနွေးပုလင်းတင်ပေးပါ။ တခါလုပ်ရင် ၂ဝ-၃ဝ မိနစ်၊ ၄ နာရီတခါလုပ်ပါ။ အပူကပ်ပေးနိုင်တယ်။ ကလေးကို နို့ဆက်တိုက်ပါ။ လိုသေးရင်ညှစ်ပြစ်ပါ။ မိခင်ရဲ့ အရေပြားမှာရှိတဲ့ပိုး၊ ကလေးပါးစပ်ထဲရှိတဲ့ ပိုးတွေကနေ နို့ပြွန်ထဲ ဝင်လာကနေလဲ ဖြစ်စေနိုင်တယ်။ Staphylococcus aureus ပိုးကနေ အဲလိုဖြစ်တာ များတယ်။ နို့အပေါ်ယံ အရေပြားကို ရေ + ဆပ်ပြာနဲ့ တနေ့ ၂ ခါ သန့်ရှင်းပါ။ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာ မလုပ်ပါနဲ့။ နို့ကိုညှစ်ပေးပါ၊ ကလေးကို နို့တိုက်ပေးရတယ်။ မရသေးရင် Brest pump နို့စုပ်ကရိယာနဲ့ နို့ရည် ထုတ်ပေးရတယ်။ တောမှာဆိုရင် သင်္ဘောရိုးနဲ့ စုပ်ကြတယ်။ နို့ပြည်တည်တာဖြစ်လာရင်တော့ အနာကို မညှစ်ပါနဲ့။ ခံလည်းမခံနိုင်ပါ။

အနာ-အရောင်ကျဆေး Ibuprofen, Ketoprofen နဲ့ Naproxen တွေပေးမယ်။ နာလွန်းရင် ဘိန်းသဘောပါတဲ့ အနာ သက်သာဆေးတွေ ပေးတယ်။ Ibuprofen 200 mg တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်သောက်နိုင်တယ်။ ဘယ်နှစ်ရက်ရယ်မရှိပါ။

အနာဖြစ်မယ်ထင်ရင်တော့ သုံးလေ့ရှိတဲ့ ပဋိဇီဝဆေးပေးရတယ်။ ဒါပေမယ် Staphylococcus aureus ပိုးက ဆေးတွေကို ယဉ်နေတယ်။ Flucloxacillin 500mg တနေ့ ၂ ကြိမ်၊ သို့မဟုတ် Dicloxacillin 250 – 500 mg တနေ့ ၄ ကြိမ်။ Cefazolin, Cephalothin, Cephalexin, Clindamycin, Lincomycin နဲ့ Erythromycin တွေကိုလည်း သိပ်မပြင်းတာအတွက်ပေးတယ်။

နောက်ဆက်တွဲ ဖြစ်နိုင်တာတွေကတော့ နို့နာပြန်ဖြစ်တာနဲ့ နို့နာကနေ နို့ပြည်တည်တာဖြစ်မယ်။ ပြည်ဆိုတာ ဦးနှောက်ထဲ၊ အသဲထဲ၊ နို့ထဲ၊ ဘယ်ထဲရှိရှိ ထုတ်ပြစ်မှ ပျောက်တယ်။ စုပ်ထုတ်တယ်။ ခွဲထုတ်တယ်။ ခွဲတာက ပိုကောင်းတယ်။

နို့အုံမှာ ပြည်တည်တာမျိုးက တင်ပါးမှာဖြစ်တဲ့ ဆေးထိုးနာလိုဘဲ အနာခေါင်း အကျယ်ကြီးဖြစ်လို့ ခွဲရင် မေ့ဆေးနဲ့ အဝကျယ်ကျယ် ခွဲရတယ်။ မကြောက်တတ်သူတွေကို ပြောရရင် ဆရာဝန် လက်ညှိုးတချောင်း ဝင်နိုင်အောင်အထိ ကျယ်မှကောင်းတယ်။ မဟုတ်လို့ သေးသေးလေးခွဲပေးရင် အပေါ်အရေပြားက ကျဉ်းပိတ်လာချိန်မှာ အထဲက ထွက်စရာ ပြည်နဲ့ မန်းရည်မကုန်သေးရင် ထပ်ခွဲရတယ်။ Sinus တလမ်းသွားအနာ ဖြစ်လာတတ်တယ်။ အမာရွတ် ပိုကြီးပြီး နောက်ကိုယ်ဝန်မှာ နို့သေးသွားနိုင်တယ်။ အနာမှန်သမျှ အောက်ဆုံးကနေစပြီး အနာကျက်စေရတယ်။

ကလေးတယောက်၊ ရောဂါတခုခု သတ်ပုံတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။


Dr. တင့်ဆွေ
Credit source: https://doctortintswe.blogspot.com/2014/11/breast-abscess-and-mastitis.html

hello
0

Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝ...

healer 2 years ago
0
# Health, Life Style

Orange semen သုက်ရည်ဝါနေခြင်း

healer 2 years ago
0

CPR နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန်ပြုစုနည်း

healer 2 years ago
0
# Baby

Baby Boy ကလေးမွေးရင် (ယောက်ျားလေး) ရချင်သလား

baby 2 years ago
0
# Music, MP3

Soe Lwin Lwin – Evening Tears

layeik 2 years ago