healer 2 years ago

Penis Injection Risks (1) ကျားအင်္ဂါဆေးထိုးတဲ့ အန္တရာယ်တွေ (၁+၂)

ကျားလိင်အင်္ဂါကို ဆေးထိုးကြပြီး ဒုက္ခရောက်ကြလို့ မေးလာသူတွေမနည်းပါ။ အများဖတ်အောင်တင်သင့် မတင်သင့် စဉ်းစားနေခဲ့တာ နှစ်တွေကြာပါပြီ။

- Ko Lay Mgy ဟုတ်ပါတယ်။ ကျန်းမာရေးပညာပေး အနေနဲ့တင်ပေးပါဆရာ။ Thanks!

- Tint Tint Fournier ကျန်းမာရေးပညာပေးအရ တင်သင့်တယ်လို့ထင်ပါတယ်ဆရာ။

ကျားလိင်အင်္ဂါကို ဆေးထိုးကြပြီး ဒုက္ခရောက်ကြလို့ မေးလာသူတွေမနည်းပါ။ အများဖတ်အောင်တင်သင့် မတင်သင့် စဉ်းစားနေခဲ့တာ နှစ်တွေကြာပါပြီ။ အပြစ်တင်ချင်သူတွေက ကျွန်တော့်ကိုသာတင်ကြပြီး၊ အကျိုးဖြစ်နိုင်သူတွေကများမှာမို့ အရင်ရေးထားတာကို (အများကြီးမွမ်းမံပြီး) တင်ပါရစေ။ ပို့လာတဲ့ဓါတ်ပုံတွေတော့ မတင်တော့ပါ။

(၁) ဘယ်သူမှမပြောပဲ မိမိဘာသာလမ်းဘေးကဆိုင်တွေမှာ ကိုယ့်ဘာသာ ဆေးထိုးအပ်သွားဝယ်ပြီး၊ လမ်းဘေးဆိုင်က ငနဲတွေထိုးပေးတယ်ဆိုလို့ သွားထိုးလိုက်မိတယ်။ ကြားမိတာတော့ အဲဒီဆေးကို နည်းနည်းချင်းထိုးရတယ်လို့တော့ ပြောပါတယ်။ ဒါပေမယ့် အဲဒီဆိုင်ကငနဲက ၂ ကြိမ်တောင်ထိုးပေးခဲ့ပါတယ်။ အဲဒီဆေးထိုးပြီးရင် လိမ့်ချေပေးရတယ်လို့ ပြောပါတယ်။ အဲဒီလိုမချေပေးရင် ဆေးတွေဟာ တစ်နေရာထဲကို ခဲသွားတယ်လို့ ပြောပါတယ်။ အဲဒီလိုနဲ့ လှိမ့်ပြီး ချေနေပါတယ်။ ချေပေးတဲ့အခါ လိုအပ်တယ်လို့ ထင်မိပါတယ်။ နောက်ပြီး ဆေးထိုးလည်း များသွားပုံရတယ်။ ဆေးတွေက တစ်ဖြည်းဖြည်းများသလိုပဲ ဖီးကြမ်းငှက်ပျောသီးထက် ပိုကြီးလာပါတယ်။ ဆေးတွေက တပြင်လုံးအပြင် အရှေ့က အရည်ပြားထဲအထိ ဝင်လာပြီး ထိပ်ကိုဖွင့်လို့မရတော့ဘူး။ နောက်ဆုံး တဖြည်းဖြည်း ဆီးပေါက်တဲ့ အပေါက်ကို တော်တော်နဲ့ ဖွင့်မရတော့ဘူး ဖြစ်လာတယ်။

အဲဒါနဲ့ ကြောက်ပြီး ဆရာဝန်ဆီသွားပြ ဆေးခန်းတစ်ခုမှာ ခွဲဖို့ ပြင်လိုက်ပါတော့တယ်။ တစ်ဖြည်းဖြည်း ခဲခဲလာပါတယ်။ ဆေးတွေထုတ်တဲ့ရက်က ဆေးထိုးပြီး ၃ ရက်မြောက်နေ့ ဖြစ်ပါတယ်။ အဲဒီမှာ ဆရာဝန်က ထုံဆေးပေးပြီး ဆေးတွေကို ထုတ်ပေးပါတယ်။ တစ်ချို့တွေ ကျန်လိမ့်မယ်လို့လည်းပြောပါတယ်။ အဲဒီမှာ ခွဲစိတ်နေတုန်း ထုံဆေးကပြေချင်လာပါတယ်။ အဲဒီတော့ ဆရာဝန်က အမြန်အမြန် ချုပ်လိုက်ပုံရပါတယ်။ ပုံထဲကအတိုင်းကို ဖြစ်သွားပါတော့တယ်။ အခု အဲဒီလိုဖြစ်တဲ့ နောက်ပိုင်း အိမ်ကမသိအောင် ဆေးရုံမှာမနေပဲ ခွဲပြီးပြီးချင်း အိမ်ပဲပြန်ခဲ့ပါတယ်။ ညှော်တော့ မိကောင်းမိခဲ့မယ်ထင်ပါတယ်။

အခု ကျွန်တော် အိမ်ထောင်ကျသွားပါပြီ။ ဒါပေမယ့် မိန်းမက မခံစားနိုင်ဘူးဖြစ်နေတယ်။ အတူနေပြီးတိုင်းဖြစ်ဖြစ် မဆက်ဆံပဲ ထားတဲ့အခါဖြစ်ဖြစ် တစ်ချက်တစ်ချက် ဆေးခဲနေတဲ့ နေရာတွေက ကိုက်သလိုလို နာသလိုလိုလေး ခံစားမှု အသေးလေးတွေ ခံစားလာမိပါတယ်။ အဲဒီလို ကိုက်သလိုလိုဖြစ်လာတာက ဒဏ်ရာကျက်ပြီး ၁ နှစ်ကြာပြီးမှ ခံစားလာရတယ်လို့ ခံစားမိပါတယ်။ အဲဒါ ကင်ဆာဖြစ်နိုင်သလား။ နောက်ပြီး ဆေးတွေက ဆီးဖုံးအထိကော ကပ်ပယ်အိတ် (ခေါ်) ဝှေးစေ့ အိတ်ထဲမှာပါ ပြန့်ပြီးခဲနေပါတယ်။

Picture (C) မှာ ဖော်ပြတဲ့အတိုင်း ဆေးတွေရောက်နေတယ်။ အဲဒီလို ဖြစ်ခြင်းအားဖြင့် ကျွန်တော့်မှာ ကလေးကော ရနိုင်ပါ့မလားလို့လည်း သိချင်ပါတယ်။ နောက်ပြီး အဲဒီအထဲက ဆေးခဲတွေကို ခွဲစိတ်မှုပြုလုပ်ပြီး ဖယ်ထုတ်လို့ကော ရနိုင်ပါ့မလား။ နောက်ပြီး Picture (B) မှာ ပြထားတဲ့အတိုင်း ပိုထွက်နေတဲ့နေရာက ကျွန်တော့်အတွက်ကော ဇနီးသည်အတွက်ပါ တအားအခက်ခဲဖြစ်နေလို့ အဲဒီနေရာကို ပလပ်စတစ် ဆာဂျရီလုပ်လို့ရနိုင်ပါ့မလား။

အဲဒီမှာ အမျှင်ကလည်း တစ်ခါတစ်လေ အတွင်းခံဝတ်တဲ့အခါ ဆွဲထားသလိုဖြစ်ပြီး နာနာနေတယ်။ အဲဒီအမျှင်လေးကို ဖြတ်ထုတ်လို့ကော ရနိုင်ပါ့မလား။ အကယ်၍ ဖြတ်ထုတ်လို့ရပါက ကလေးယူလို့ဖြစ်နိုင်ပါ့မလား။ Picture (D) က အမျှင်ကလေးကို ပြောတာပါ။ ဘယ်ဆရာဝန်နဲ့ ဘယ်လို ပြောပြရမလဲဆိုတာရယ် သိလို့ရနိုင်မလား။ ပလပ်စတစ်ဆာဂျရီ လုပ်လို့ရနိုင်ပါမလား။ ရနိုင်တယ်ဆိုရင် ကောင်းမယ်ထင်တဲ့ဆေးရုံကို လမ်းညွှန်ပေးစေလိုပါတယ်။

လက်လှမ်းမီသလောက် မလုပ်ကြအောင် သတိပေးကြစေချင်ပါတယ်။ အရပ်နည်းတွေ၊ အွန်လိုင်းကြော်ညာတွေကို မယုံကြပါနဲ့။ လူဖြစ်ရှုံးသွားကြသူတွေ မနည်းတော့ပါ။ သူများနိုင်ငံတွေမှာ အဲလိုယောက်ျားလိင်အင်္ဂါကို ဆေးထိုးလို့ ဘာတွေဖြစ်သလည်းဆိုတဲ့ သုတေသန သိပ်မတွေ့သေးပါ။ အဲလုပ်ကြတာ မြန်မာတွေမှာသာ များသလားမပြောတတ်ပါ။ မေးလာသူတွေထဲမှာ ထိုင်းမှာအလုပ်လုပ်နေသူထဲကလည်းပါတယ်။

ပုံမှာ ကျားလိင်အင်္ဂါကိုဆေးထိုးနည်း ပြထားပါတယ်။ အဲတာက လိင်အင်္ဂါကြီးဆေးထိုးဘို့ မဟုတ်ပါ။ တကယ့် ပန်းသေ ပန်းညှိုးဖြစ်နေသူတွေအတွက်သာဖြစ်ပါတယ်။ ဆေးထိုးအပ်ရှောင်ရမယ့်နေရာတွေကို အကြမ်းဖျဉ်းတွေ့ပါလိမ့်မယ်။


ဒေါက်တာတင့်ဆွေ
၁၆-၆-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/06/penis-injection-risks-1.html


#DrTintSwe #PenisInjectionRisks

Post 2

-------

ကျွန်တော် လွန်ခဲ့တဲ့ ၆ နှစ်က အင်္ဂါကြီးအောင် ဆေးထိုးထားပါတယ်။ ဆေးထိုးပြီးစကတော့ မကြာခဏဆိုသလို ဖောင်းလာလိုက် ပြန်ကျသွားလိုက် တခါတလေ အရမ်းကြီးနာကျင်နေတာတွေ ဖြစ်နေပါတယ်။ ဒါပေမယ့် အခု နောက်ပိုင်းတော့ အဲ့လိုတွေမဖြစ်တော့ပါဘူး။ အဖျားပိုင်းမှာပဲ ဆေးထိုးထားတဲ့ အရည်တွေ စုနေတယ်နဲ့တူတယ် အဖျားပိုင်းမှာ ကြီးနေတယ်။ ထပ်ဖျားကို အောက်ဆွဲချလို့ မရဘူး။ ဆက်ဆံတာတော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ဆီးပေါက်ရင် ဆီးကအကုန်မထွက်ပဲနဲ့ နည်းနည်းကျန်နေတယ်။ သုတ်လွှတ်ရင်လဲ ပန်းမထွက်ဘူး။ နည်းနည်းချင်း ကျတယ်။ ဒါကို ဖြတ်လိုက်ရမလား။ ဖြတ်ရင် အရင်လိုပြန်သေးသွားမလား။ ဖြတ်လည်းဖြတ်ချင်တယ်၊


• ကျွန်တော် ဆေးထိုးတာက တကြိမ်ထဲပါ။ ဘာဆေးလဲတော့ မမှတ်မိဘူး။ ထိုးတာက ယိုးဒယား (မယ်ဆိုင်) မှာပါ။ ဖြတ်ချင်တယ်ဆိုတာက အရေပြားကိုပါ။ အရေပြားလှန်လို့မရရင် အန္တရာယ်ရှိတယ်ထင်လို့ပါ။ အရေပြား ဖြတ်ပြီး ဆေးတွေ ခြစ်ထုတ်လိုက်ရင် အရင်အတိုင်း ပြန်ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါဆိုရင် သေးသွားမှာပေါ့။ အကောင်းဆုံးကို လမ်းညွှန်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

• ကျွန်တော် ဆရာ့ဆီကို တချိန်တုန်းက ရေးဖူးပါတယ်။ လိင်တံကို ဆေးထိုးထားတဲ့အကြောင်းပါ။ အခုအဲ့ဒါကို ပြန်ပြီးခွဲပစ်ဖို့ ဆုံးဖြတ်လိုက်လို့ပါ။ ဘာကြောင့်လဲဆိုတော့ ဆီးသွားတိုင်းမှာ ဆီးကျန်နေတာရယ်၊ ဆက်ဆံပြီးတိုင်း သုက်ရည်အကုန် အပြင်ကိုမရောက်တာရယ်၊ ထိပ်ဖွင့်လို့မရတာရယ်တွေကြောင့်ပါ။ သိချင်တာက ခွဲစိတ်ရင် အချိန် ဘယ်လောက်ကြာအောင် ဆေးရုံမှာနေရမှာလဲ၊ ခွဲစိတ်ပြီးရင် ဘာတွေကိုရှောင်ကြဉ်ရမှာလဲ၊ (့) မှာ သွားပြီးလုပ်မှာပါ။ ကုန်ကျစရိတ်ကော များနိုင်လား၊ အရည်ပြားကို မဖြတ်ထုတ်ပဲနဲ့ ပြန်ပြီးချုပ်လို့ရနိုင်လား၊


• အင်္ဂါကြီးအောင် ကျားအင်္ဂါထဲကို ဆီလီကွန်တို့ ပန်းပေါင်းဆီတို့အစား နောက်ပိုင်း ပင်နယ်စလင်ထိုးဆေးအဆီကို ထိုးထည့်ကြတာ သိပ်များလာပါတယ်။ (၃) ခါထိုးရပါတယ်။ ပင်နင်စလင်အဆီက ခဲနေရင် မီးဝန်းလိုက်ပါသေးတယ်။ ပထမတစ်ခါထိုးပြီး အသားနုလေးတစ်လွာ တက်လာအောင်စောင့်ပြီးမှ ဒုတိယအကြိမ် ပြန်ထိုးရပါတယ်။ တတိယအကြိမ် ထိုးပြီးရင် ဆေးအောင်တယ်လို့ ဆိုပါတယ်။ ပင်နင်စလင် ဆေးက ကျားအဂါ်အထဲသို့ ရောက်လျင် ပန်းပေါင်းလိုမဟုတ်ဘဲ့ အသားဆဲလ်တွေပြန်ဖြစ်သွားပြီး သူကအထဲမှာ ဘာမှဒုက္ခမပေးဘူးလို့ ဆိုပါတယ်။ ဟုတ်ပါသလား။ ကျားအင်္ဂါကြီးချင်လို့ ပင်နင်စလင်အဆီကို တော်တော်များများ ထိုးနေကြတာတွေ့ရပါတယ်ဆရာ။ ဘာအန္တရာယ်မှမရှိတာ သေချာလားဆရာ သိချင်ပါတယ်။ (စာတပုဒ်ရေးထားပါတယ်။)

• ကျွန်တော့်အသက် ၂၅ နှစ်ပါ။ - လို့ခေါ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မှာနေပါတယ်။ နားနဲ့မနာ ဖုဝါးနဲ့နာပေးပါ။ ကျွန်တော့်ရဲ့ လိင်တံကို 1.1.2014 နေ့က ထိုင်းအုန်းဆီထိုးခဲ့မိပါတယ်။ ဖြစ်ချင်တော့ဗျာ အုန်းဆီက အသားကို ကြိတ်ထားတဲ့ အဆီမဟုတ်ပဲ အခွံကိုကြိတ်ထားတဲ့အဆီ ဖြစ်နေတယ်။ ဆယ်ရက်လောက်ကြာတော့ ရောင်လာတယ်။ 18.1.2014 နေ့က ဆေးရုံမှာပြတယ်။ ဆေးရုံရောက်တော့ မေးခိုင်ပိုးစားတယ်ဆိုပြီး အရေခွံတွေ လှန်ထုတ်လိုက်ပါတယ်။ အဖျားမှာတော့ လက်တစ်လုံးလောက် ကျန်ပါသေးတယ်။ အဲ့ဒါ အရေခွံပြန်ဖြစ်နိုင်လား။ ဘာဆက်လုပ်ရမလဲဆိုတာ လမ်းညွှန်ပါဦးဆရာ။


ဒေါက်တာတင့်ဆွေ
၁၆-၆-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/06/penis-injection-risks-2.html


#DrTintSwe #PenisInjectionRisks

hello
0
# Baby

Baby health ကလေးကျန်းမာရေး

baby 2 years ago
0
# Health, Life Style

Ectopic Pregnancy in exile

healer 2 years ago
0

Cervix Position သားအိမ်ဝနောက်ရောက်နေခြင်း

healer 2 years ago
0
# Health, Life Style

Orange semen သုက်ရည်ဝါနေခြင်း

healer 2 years ago
0
# Health, Life Style

Cellulitis (သို့) Erysipelas

healer 2 years ago