Perforated eardrum နားစည်ပေါက်ခြင်း

နားကို ခန္ဓာဗေဒအရ အပိုင်း ၃ ပိုင်းခွဲထားတယ်။ အပြင်ပိုင်း၊ နားစည်နဲ့ နောက်မှာ လေနဲ့ပြည့်နေတဲ့ နားအလည်ပိုင်း ရှိတယ်။ နှာခေါင်းနဲ့ နားအလည်ပိုင်းက (ပြွန်) နဲ့ ဆက်နေတယ်။ နားထဲကလေဟာ အဲဒီလမ်းကနေ ပြန်ထွက်တယ်။ ဦးနှောက်နဲ့ဆက်နေတဲ့ နားအတွင်းဆုံးပိုင်း။

2021-11-08 05:03:41 - healer

ကျနော်က ကို့ ပါ။ -ရွာဇာတိပါ။ အသက်(၃၈)နှစ်ပါ။ ကျနော့်ညာဘက်နားစည်က ပုံပါအတိုင်း အပေါက် ဖြစ်နေပါတယ်။ အသံတွေကိုကွဲကွဲပြားပြားမကြားရပါ။ ဖြစ်နေတာ (၅)နှစ်လောက်ရှိပါပြီ။ နားကျပ်တံအမြဲသုံးပါတယ်။ ဘယ်လိုလုပ်ရမလဲ ညွှန်ကြားပေးပါဆရာ။

နားကို ခန္ဓာဗေဒအရ အပိုင်း ၃ ပိုင်းခွဲထားတယ်။ အပြင်ပိုင်း၊ နားစည်နဲ့ နောက်မှာ လေနဲ့ပြည့်နေတဲ့ နားအလည်ပိုင်း ရှိတယ်။ နှာခေါင်းနဲ့ နားအလည်ပိုင်းက (ပြွန်) နဲ့ ဆက်နေတယ်။ နားထဲကလေဟာ အဲဒီလမ်းကနေ ပြန်ထွက်တယ်။ ဦးနှောက်နဲ့ဆက်နေတဲ့ နားအတွင်းဆုံးပိုင်း။


နားစည်က အလုပ် ၂ မျိုး လုပ်ပေးနေတယ်။

  1. အသံလှိုင်းက လာရိုက်ခတ်ရင် အာရုံကြောကတဆင့် အသံကြားရတယ်။
  2. အလည်နားပိုင်းကို အပြင်လောကကနေ အကာကွယ်ပေးထားတယ်။


နားစည် ဘာလို့ ပေါက်ရသလဲ -


နားစည်ပေါက်နေရင် -


ဆက်တွဲခံစားရမှာတွေကတော့ -

  1. နားမကြားတာ၊
  2. နားအလည်ပိုင်း ရောင်ရမ်းတာ၊
  3. နားအလည်ပိုင်းအိတ် ဖြစ်လာတာ၊

တချို့မှာ ခွဲစရာမလိုဘဲ အပေါက်ကပိတ်ပြီး ပျောက်သွားမယ်။ ပျောက်ဘို့ ရက်သတ္တပါတ်နည်းနည်းကနေ လတွေအထိ ကြာနိုင်တယ်။ နားထည့်ဆေးတိုင်း နားစည်ပေါက်သူနဲ့ မတည့်ပါ။ နားအထူးကုဆရာဝန်ညွှန်တာကိုသာသုံးပါ။ CILOXAN Eye Drop မှာ Ciprofloxacin hydrochloride ပါတယ်။ ပိုးတွေကို နိုင်တဲ့ဆေးဖြစ်တယ်။ နာတာရှည် ပိုးဝင်နေရင် ရေချိုး-ရေကူးတိုင်း နားကို Ear plug ဆို့စရာ တပ်ရတတ်မယ်။

၆-၈ ပါတ်နဲ့ မပျောက်ရင် ခွဲစိတ်ဘို့ လိုနိုင်တယ်။ Paper patch တခုခုနဲ့ ဖါထေးတာရယ် Tympanoplasty ခွဲစိတ် ပြုပြင်နည်းရယ် ရှိတယ်။ ကံမကောင်း ရင်တော့ နှစ်တွေ ကြာနိုင်တယ်။ တချို့ကြ ပြန်မရတတ်ဘူး။ Tympanoplasty ခွဲစိတ်ကုသတာက ၈၅-၉ဝ% အောင်မြင်တယ်။ တချို့မှာ နောက်တခါ ထပ်ခွဲရတတ်တယ်။


Dr. တင့်ဆွေ
၁၁-၄-၂ဝ၁၆
Credit Source: https://doctortintswe.blogspot.com/2015/08/perforated-eardrum.html


#DrTintSwe #Perforated eardrum

More Posts