healer 2 years ago
healer

Placental Previa အချင်းရှေ့ရောက် အမေး

အချင်းက သားအိပ်အဝကို ဘယ်လောက်အထိ ဖုံးနေသလဲအပေါ်မှာ မူတည်တယ်။ အစွန်းလေးမှာဖုံးတာ ၄၅%၊ တဝက်တပျက်ဖုံးတာ ၅ဝ% နဲ့ လုံးလုံးဖုံးတာ ၅% ဖြစ်နိုင်တယ်။

ဆရာ သမီးက ကိုယ်ဝန်ဆောင်ထားတာ ၄လရှိပြီ။ ၃ လပြည့်တုန်းက ultrasound ရိုက်ပါတယ်။ result မှာ placenta coverage ဆိုပြီး report ပါပါတယ်.. OG ကတော့ပြောပါတယ်။ လရင့်လာလို့ ကလေးကထွားလာပြီး ဟိုလှုပ်ဒီလှုပ်လှုပ်ရင် ပြန်တက်သွားနိုင်ပါတယ်တဲ့။ မတက်ရင်တော့ operation လုပ်ပြီးမွေးကမယ်တဲ့။ သမီးက ရိုးရိုးမွေးချင်လို့ပါ။ သိချင်တာက placenta အပေါ်ပြန်တက်နိုင်ချေ % ဘယ်လောက်ရှိလည်းဆရာ။ ပြန်တတ်အောင် လေ့ကျင့်ခန်းလေးဘာလေးရှိလားသိချင်ပါတယ်။ ဖြေကြားပေးပါဆရာ။ ကျေးဇူးတင်ပါတယ်။

Placenta covering လို့ရေးတာဖြစ်ပါမယ်။ Placental Previa အချင်းရှေ့ရောက်ဖြစ်တာပါ။ အချင်းက ကလေးရှေ့ရောက် နေတာဖြစ်တယ်။ ဒီဂရီ ၃ မျိုး ခွဲခြားတယ်။ အချင်းက သားအိပ်အဝကို ဘယ်လောက်အထိ ဖုံးနေသလဲအပေါ်မှာ မူတည်တယ်။ အစွန်းလေးမှာဖုံးတာ ၄၅%၊ တဝက်တပျက်ဖုံးတာ ၅ဝ% နဲ့ လုံးလုံးဖုံးတာ ၅% ဖြစ်နိုင်တယ်။ တချို့က အတန်းအစား ၄ မျိုးခွဲတယ်။ စာသင်ကြားရာမှာသာ အရေးပါတာပါ။

ကိုယ်ဝန် ၁၆ ပါတ်မှာ သားအိမ် အတွင်းမျက်နှာပြင်ရဲ့ ၂၅-၅ဝ% ကို အချင်းက နေရာယူထားတယ်။ တတိယ ၃ လပါတ် ရောက်ရင် သားအိမ်-အောက်ပိုင်းလို့ ခေါ်တဲ့ အရေးပါတဲ့ Lower uterine segment ဖြစ်လာတယ်။ ဒါကြောင့် အတွင်း မျက်နှာနေရာ ပိုကျယ်လာတယ်။ ဒါကြောင့် သားအိမ်အဝနဲ့ဝေးတာ ဖြစ်လာနိုင်ခြေရှိတယ်။ ကိန်းဂဏန်းနဲ့ရှိတာ ပြောရရင် ဒုတိယ ၃ လထဲမှာ အဆင့် (၃) လုံးလုံး ပိတ်နေသူတွေထဲက ၉ဝ%၊ နဲနဲသာ ပိတ်နေသူတွေထဲက ၉၅% တွေဟာ သူ့အလိုလို အခြေအနေကောင်းလာနိုင်တယ်။

အရင်ဖြေစာမှာ အချင်းနေရာ ပြောင်းသွားတာ မရှိဘူးလို့ ဖြေခဲ့တယ်။ အခုလိုရှင်းမှ အချင်းနေရာပြောင်းတာ မဟုတ်ပါ။ သာအိမ် အတွင်းမျက်နှာပြင် ကျယ်လာတာလို့ နားလည်စေချင်တယ်။ Ultrasound ထပ်ရိုက်ရလိမ့်မယ်။ နေ့စေ့လစေ့အထိ အချင်းက သားအိမ်အဝမှာကပ်နေရင် အရေးကြီးပြီ။ ခွဲမွေးရမယ်။ လေ့ကျင့်ခန်း အစားအသောက်နဲ့တော့ အချင်းက အထက်မတက်နိုင်ပါ။


ဒေါက်တာတင့်ဆွေ
၁၃-၆-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/06/placental-previa.html


#DrTintSwe #PlacentalPrevia


hello
0

Bleeding nipple နို့ကနေသွေးထွက်ခြင်း

healer 2 years ago
0
# Health, Life Style

Airway Obstruction အသက်ရှူလမ်းပိတ်ခြင်း

healer 2 years ago
0
# Health, Life Style

‎Red‬ Moles မှဲ့နီ

healer 2 years ago
0

Alpha-fetoprotein (AFP) blood test အသည်းကင်ဆာ စမ်းနည်းတခု

healer 2 years ago
0
# Health, Life Style

Fibrous papule of the face

healer 2 years ago