Stroke (စထုပ်ခ်) လို့ လူသိများတဲ့ ဦးနှောက်-သွေးကြောရောဂါကို Cerebrovascular accident (CVA); Cerebral infarction; Cerebral hemorrhage; Ischemic stroke စသဖြင့် ခေါ်သေးတယ်။ Brain attack လို့လဲ ခေါ်တယ်။ မြန်မာတွေက လေဖြတ်တာလို့ ခေါ်တယ်။ ရောဂါကဆိုးလွန်းပြီး၊ အဖြစ်လည်းမနည်းလှပါ။
ဦးနှောက်သွေးကြောဖောင်းပြီး ပေါက်သွားတာပေါ့နော်။ အခြေအနေကတော့ စိုးရိမ်ရတယ်။ ကျနော် ဒီလောက်ပဲ ပြောလို့ရမယ်လို့ ကုတင်တစ်ထောင်ဆေးရုံက ဦးနှောက်ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမြတ်သူဝင်းက ပြောပါတယ်။
Stroke (စထုပ်ခ်) လို့ လူသိများတဲ့ ဦးနှောက်-သွေးကြောရောဂါကို Cerebrovascular accident (CVA); Cerebral infarction; Cerebral hemorrhage; Ischemic stroke စသဖြင့် ခေါ်သေးတယ်။ Brain attack လို့လဲ ခေါ်တယ်။ မြန်မာတွေက လေဖြတ်တာလို့ ခေါ်တယ်။ ရောဂါကဆိုးလွန်းပြီး၊ အဖြစ်လည်းမနည်းလှပါ။
လွန်ခဲ့တဲ့ အနှစ် ၃ဝ အတွင်း ပိုအဖြစ်များလာတယ်။ ၉၅% ဟာ အသက် ၄၅ နှစ်ကျော်သူတွေ ဖြစ်တယ်။ ၃ ပုံ ၂ ပုံက ၆၅ နှစ်ကျော်သူတွေ ဖြစ်တယ်။ မိသားစုထဲမှာ တယောက်မကဖြစ်တာ တွေ့ရတယ်။ ယောက်ျားတွေက မိန်းမတွေထက် ဖြစ်နှုန်းမှာ ၂၅% ပိုပါတယ်။ အမျိုးသမီးတွေက သေဆုံးတာမှာ ၆ဝ% ရှိတယ်။ ဒါဟာ အမျိုးသမီးတွေက သက်တမ်း ပိုရှည်ကြတာနဲ့ သွေးဆုံးတောတွေနဲ့ ဆက်စပ်နိုင်တယ်။ ကင်ဆာ၊ နာတာရှည် ကျောက်ကပ်ရောဂါ-အဆစ်နာရောဂါ ရှိနေသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေး ဖွါးပြီးသူတွေမှာ ပိုဖြစ်တယ်၊
Silent stroke (ဆိုင်းလင့်-စထုပ်ခ်) လူမသိ-သူမသိဖြစ်ခြင်း၊
ရောဂါလက္ခဏာတွေ မပေါ်ပေမဲ့ ဦးနှောက်ကိုတော့ ထိခိုက် ပျက်စီးနေတာကိုခေါ်တယ်။ ၁၉၉၈ လေ့လာမှုတခုအရ အမေရိကားမှာ လူပေါင်း ၁၁ သန်း Stroke ဖြစ်တယ်။ ၇၇ဝဝဝဝ ယောက်ဟာ Silent strokes ဖြစ်ကြတယ်။ MRI လုပ်မှ အထဲမှာ Infarcts သွေးခဲ ဒါမှမဟုတ် Hemorrhages သွေးယိုနေတာကိ ုသိရတယ်။ ခံစားပြီးဖြစ်တာထက် ၅ ဆပိုတယ်။ အသက်ကြီးရင် ပိုဖြစ်တယ်။ Cryptogenic ဆိုတာ ဘာလို့လဲ မသိဘဲ ဖြစ်တာကို ခေါ်တယ်။ ၃ဝ-၄ဝ% ရှိတယ်။
ဘာလို့ဖြစ်ကြသလဲ
ဒီရောဂါဟာ ဦးနှောက်ကိုပေးပို့နေတဲ့ သွေးကြောလမ်းကြောင်းမှာ တခုခုမှားသွားရင် ဖြစ်လာစေတယ်။ ဦးနှောက်က သွေးမရတာကို စက္ကန့်ပိုင်းထက်ပိုပြီး မခံနိုင်ဘူး။ ဦးနှောက် (ဆဲလ်) တွေ သေကုန်တယ်။ ထိခိုက်မှုဟာ ရာသက်ပန် ဖြစ်တယ်။ အဓိက ၂ မျိုးရှိတယ်။
ရောဂါဖြစ်နိုင်ခြေရှိသူတွေကတော့ -
သွေးခဲကြောင့်ဖြစ်တာမှာ ၂ မျိုးရှိတယ်။
(၁) သွေးလွှတ်ကြောကြီးရောဂါ နဲ့
(၂) Sickle cell anemia သွေးအားနည်းရောဂါကနေ ဖြစ်စေတယ်။
သွေးလွှတ်ကြောတွေကို လာပိတ်စေနိုင်တာက Fat အဆီခဲ၊ Cholesterol (ကိုလက်စထော) နဲ့ ကင်ဆာ (ဆဲလ်) တွေ ဖြစ်နိုင်တယ်။ ဗက်တီးရီးယား ဥပမာ Infectious endocarditis နှလုံးရောဂါကနေ လာတာမျိုးကနေလဲ ဖြစ်တယ်။ Atrial fibrillation နှလုံးရောဂါကနေ ဖြစ်တာများတယ်။ Atrial or ventricular septal defect နှလုံးရောဂါတွေကနေလဲ လာမယ်။ Deep vein thrombosis အတွင်းထဲမှာရှိတဲ့ သွေးပြန်ကြောထဲကနေလဲ လာနိုင်တယ်။ အဆို့ရှင် အတုတပ်ထားတဲ့ နှလုံးကသွေးခဲဟာ ဦးနှောက်ကို လာပိတ်တာလဲ ဖြစ်နိုင်တယ်။ အဲလို တခြားနေရာက လာတာမျိုး အတွက် လာရင်းရောဂါကိုပါ ကုသရမယ်။
သွေးကြောကျဉ်းရာကနေဖြစ်ရင် Atherosclerotic plaque (ပလိပ်) ခေါ်တဲ့ Sticky substance ခပ်စေးစေးအရာ ဖြစ်လာတယ်။ ဦးနှောက်ထဲက သွေးလွှတ်ကြောလေးတွေ အားနည်းလာရင် ပေါက်ထွက်နိုင်တယ်။ သွေးယိုထွက်ပြီး Hemorrhagic stroke ဖြစ်မယ်။
ဘယ်လိုခံစားရမလဲ။
ဦးနှောက်ရဲ့ ဘယ်နေရာမှာ ဖြစ်သလဲအပေါ် မူတည်တယ်။ တချို့မှာ ဖြစ်တာမသိဘဲ နေတတ်တယ်။ ဖြစ်တာက ရုတ်တရက်ဘဲ။ ဖြစ်စ ၁ ရက် ၂ ရက်မှာ ဖြစ်လိုက် ပေါ်လိုက်လဲ ဖြစ်နိုင်တယ်။ ပဌမဆုံး အကြိမ်က ခံစားရတာ အပြင်းထံဆုံးဘဲ။ ဒါပေမဲ့နောက်ဖြစ်ရင် ဆိုးဆိုးလာတော့မယ်။
စစ်ဆေးမှုတွေ
ဘယ်လိုကုသမလဲ။
တကယ့်အရေးပေါ်ဖြစ်တယ်။ ဆေးရုံတက် ကုသရမယ်။ အများဆုံး လူနာတွေဟာ ၃ နာရီအတွင်း ရောက်ကြတယ်။ သွေးခဲကြောင့် ဖြစ်တာဆိုရင် Thrombolytic therapy သွေးခဲကျေဆေး ချက်ချင်း ပေးရတယ်။ လူတိုင်းကိုတော့ မပေးရပါ။ ရောဂါလက္ခဏာစပြီး ၃ နာရီအတွင်းဆို ပေးနိုင်တယ်။ သွေးခဲလို့ မဟုတ်ဘဲ သွေးယိုလို့ ဖြစ်နေချိန်ဆိုရင် ဒီဆေးကြောင့် ပိုဆိုးစေမယ်။
သွေးခဲကြောင့် ဖြစ်တာအတွက် Blood thinners သွေးကျဲဆေးဖြစ်တဲ့ Heparin or Warfarin (Coumadin) ဆေးကိုလဲ သုံးတယ်။ Aspirin နဲ့ Clopidogrel (Plavix) တွေကိုလဲ ပေးနိုင်တယ်။ သွေးခဲပိတ်လို့ဖြစ်ရင် အချိန်လဲ မီမယ်ဆိုရင် Thrombolysis သွေးခဲကို ချေဖျက်နည်းနဲ့ Thrombectomy ခွဲစိတ်နည်းတွေ လုပ်နိုင်တယ်။ Medications ဆေးပေးနည်းမှာ Aspirin, Clopidogrel, Dipyridamole ဆေးတွေကို Platelets သွေးမှုံတွေစုပြီး သွေးမခဲအောင် လုပ်ပေးနိုင်တယ်။ Thrombolysis ဆိုတာ ဆေးနဲ့ သွေးခဲကို ချေဖျက်နည်း ဖြစ်တယ်။ tissue Plasminogen Activator (tPA) ဆေးမျိုး သုံးတယ်။ ချက်ချင်းဖြစ်တာအတွက် သုံးသင့်-မသင့် အယူအဆ မတူကြဘူး။
သွေးယိုတာအတွက် ခွဲစိတ်နည်း သုံးလို့ရတာလဲ ရှိတယ်။ Carotid artery လည်ပင်း-သွေးလွှတ်ကြောကို ခွဲစိတ်ရတာလဲ ရှိတယ်။ Mechanical thrombectomy စက်သုံးနည်းလဲ ရှိတယ်။ ချက်ချင်းဖြစ်တာအတွက် သုံးတယ်။ ပေါင်ခြံက Femoral artery သွေးလွှတ်ကြောထဲကို Catheter ပိုက်ငယ်လေးတခု ဦးနှောက် သွေးပေးစနစ်ထဲအထိ ထိုးသွင်းရတယ်။ Corkscrew-like device ကရိယာလေးကနေ သွေးခဲကို ဆုပ်ယူစေမယ်။ Angioplasty and stenting နည်းဆိုတာကလဲ ချက်ချင်း ဖြစ်တာကို သုံးတယ်။
ခေါင်းထဲမှာ သွေးယိုတာဖြစ်ရင် Neurosurgical evaluation လေ့လာမှုတွေ လုပ်ရမယ်။ သွေးယိုတဲ့ အကြောင်းကို ရှာပြီး ကုသရမယ်။ ခွဲစိတ်တာ သိပ်မလိုတတ်ဘူး။ သွေးတိုး ရှိနေချိန်မှာ သွေးကျဆေး ပေးရတယ်။ တချို့က အစာအာဟာရနဲ့ အရည်ဖြည့်ပေးဘို့ လိုမယ်။
ဆေးကုတာအပြင် (ဖီဇီကယ်သာရာပီ)၊ စကားပြောနည်း၊ လုပ်ငန်းဆိုင်ရာ ကုသနည်း၊ အစာမျိုနည်းတွေလဲ လိုနိုင်တယ်။ ရေရှည်အတွက် ဆက်လုပ်ပေးရတယ်။ ပြန်ပြီး နလံထရေးနဲ့ နောင်မဖြစ်အောင်အတွက် လုပ်ရတယ်။
နောက်ဆက်တွဲ ဖြစ်နိုင်တာတွေကတော့ အစားအသောက်တွေ အသက်ရှူလမ်းထဲရောက်တာ၊ ဉာဏ် သုံးရတဲ့အလုပ် ချို့ယွင်းတာ၊ လိမ့်ကျတာ၊ မလှုတ်ရှားနိုင်တာ၊ ကိုယ်တခြမ်း၊ တချို့နေရာတွေ လေဖြတ်တာ၊ ကြွက်သားတွေ တောင့်တင်းနေတာ၊ အစာအာဟာရ မပြည့်ဝတာ၊ ဖိအားဒဏ်ကြောင့် အနာဖြစ်တာ၊ စကား ကောင်းကောင်းမပြောနိုင်တာ၊ နားမလည်တာ၊ တွေးတောတာ၊ အာရုံစိုက်တာ အားနည်းတာ။
ရောဂါလက္ခဏာတွေ ဆင်တူတိုင်းတော့ Stroke မဟုတ်ပါ။ Brain tumor ဦးနှောက်ကင်ဆာ၊ Subdural hematoma ဦးနှောက်အဖုံးလွှာအောက်မှာရှိတဲ့သွေးခဲ၊ ဗက်တီးရီးယား၊ မှိုကနေဖြစ်စေတဲ့ ဦးနှောက်ထဲမှာ ပြည်တည်နာ၊ ဗိုင်းရပ်စ် ဦးနှောက်ရောင်ရောဂါ၊ တချို့ဆေးတွေ များသုံး-ပေးတာ၊ Sodium, Calcium, Glucose ဓါတ်ဆားတွေ နည်းသွားတာတွေကနေ ခပ်ဆင်ဆင် ဖြစ်တတ်တယ်။
ဒုတိယအကြိမ် ထပ်မဖြစ်အောင် -
အလားအလာ
အမျိုးအစား၊ ဘယ်လောက်ပျက်စီးသွားခဲ့သလဲ၊ ဘယ်နေရာတွေကို ထိခိုက်သွားသလဲ၊ ဆေးကုသမှုကို ဘယ်လောက်မြန်မြန် ရခဲ့သလဲ ဆိုတာတွေအပေါ် မူတည်ပြီး -
ဒေါက်တာတင့်ဆွေ
၉-၇-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/07/stroke.html
#DrTntSwe #Stroke