Universal flu vaccine comes closer တုပ်ကွေးကာကွယ်ဆေးနီးစပ်လာပြီ

လွန်ခဲ့တဲ့၉ နာရီကထွက်တဲ့ဆေးသုတေသနသတင်းဖြစ်ပါတယ်။ တုပ်ကွေးမျိုးစုံကို တသက်တာကာကွယ်နိုင်မယ့် ကာကွယ်ဆေးဖြစ်ပါမယ်။ အကောင်တွေကို စမ်းသပ်ပြီးပါပြီ။

2021-11-08 05:07:47 - healer

အမေရိကန်ဆရာဝန်တွေကနေ နှစ်ဖွဲ့ခွဲပြီးစမ်းသပ်နေတာပါ။ လက်ရှိထိုးနေရတာက တနှစ်တခါထိုးရတဲ့ ကာကွယ်ဆေး ဖြစ်ပါတယ်။ တုပ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်စ်က မြူတေးရှင်းခေါ်တဲ့မျိုးဗီဇပြောင်းပြောင်နေလို့ တနှစ်သာခံတယ်။ အဲဒီအခက်အခဲကိုကျော်လွှားတဲ့နည်းကရှာဖွေထားတာဖြစ်ပါတယ်။

လက်ရှိကာကွယ်ဆေးက ဗိုင်းရပ်စ်ရဲ့မျက်နှာပြင်ကိုပစ်မှတ်ထားပါတယ်။ အဲဒီနေရာက ပြောင်းလဲတတ်လို့ ဆေးသက်တမ်း ကြာကြာမခံပါ။

တုပ်ကွေးဆိုတာ နှာချေ ချောင်းဆိုးရာက တယောက်ကိုတယောက် ကူးစက်လွယ်ပါတယ်။


ဒေါက်တာတင့်ဆွေ
၂၄-၈-၂ဝ၁၅
http://www.bbc.com/news/health-34038808

Credit Source: https://doctortintswe.blogspot.com/2015/08/universal-flu-vaccine-comes-closer.html

#DrTintSwe #Universal flu vaccine comes closer


More Posts