healer 2 years ago

Water Birth ရေထဲမှာ ကလေးမွေးခြင်း

မြန်မာပြည်မှာတော့ ရေထဲဆင်းပြီးကလေးမွေးတာ လုပ်ကြတယ်မထင်ပါ။ နေရာတကာတော့ မရောက်ဘူးပါ။ တချို့ တိုင်းပြည်တွေမှာ ရေချိုးကန်ထဲဆင်းပြီး ကလေးမွေးကြတာရှိတယ်။ ယူကျုနဲ့ ဖေ့စ်ဘွတ်မှာ ဗီဒီယိုနဲ့ပါတင်ကြတယ်။

ဒေလီမှာ ယမုန်နာဆေးခန်းလေးဖွင့်တုံးက မွေးလူနာတွေကို ၂ဝဝ၆ နိုဝင်္ဘာလကစပြီး မွေးပေးခဲ့တယ်။ အိန္ဒိယကနေ ထွက်လာရတဲ့အထိ ကလေးပေါင်း ၃၄၉ ယောက်ကိုမွေးပေးနိုင်ခဲ့တယ်။ သားဖွားပညာကို ဘာတခုမှမသိသေးတဲ့ ဒုက္ခသည်အမျိုးသမီး ကြီးငယ်တွေကိုစာသင်ပေးဘို့ သင်္ခန်းစာတွေပြင်ရတယ်။ အရံသားဖွါးသင်တန်းလည်း တခါ ပေးရတယ်။ စာသင်ရင်း (မာလ်တီမီဒီယာ) နဲ့ပြတော့ ပုံမှန်မီးဖွားနည်းတွေအပြင် ရေထဲမှာကလေးမွေးနည်းလည်း ခပ်တိုတိုပြောပြဖြစ်ပါတယ်။

ကနေ့တော့ ကွန်မင့်မှာမေးလာတယ်။ တင်ထားတဲ့ပို့စ်က မေးနည်းစည်းကမ်းနဲ့မဟုတ်ပဲ ကွန်မင့်မှာ ပို့စ်နဲ့မဆိုင်တာမေးဘို့ မသင့်ကြောင်းရေးတာ။ မေးတာက အဲဒီအတိုင်း ပြောင်းပြန်လုပ်တယ်။

ပို့စ် = Deep Sigh ဟင်း့

ကွန်မင့် = Katharine Dawi ဆရာ နိုင်ငံခြားမှာ ရေဇလုံထဲ ကလေးမွေးတာတွေတွေ့နေရတယ် ဘာထူးခြားလို့ပါလဲဆရာ

Tint Swe ပို့စ်ကိုမဖတ်ပဲ မေးတာလို့ထင်ရတယ်။ မေးနည်းစည်းကမ်းအရသာမေးပါရန် (သို့) ဘလော့ခ်မှာ ဖတ်ပါရန်။


ရေထဲမှာ ကလေးမွေးခြင်း

မြန်မာပြည်မှာတော့ ရေထဲဆင်းပြီးကလေးမွေးတာ လုပ်ကြတယ်မထင်ပါ။ နေရာတကာတော့ မရောက်ဘူးပါ။ တချို့ တိုင်းပြည်တွေမှာ ရေချိုးကန်ထဲဆင်းပြီး ကလေးမွေးကြတာရှိတယ်။ ယူကျုနဲ့ ဖေ့စ်ဘွတ်မှာ ဗီဒီယိုနဲ့ပါတင်ကြတယ်။ ဒီ (အိုင်ဒီယာ) ကိုရတာက ကလေးဟာ မိခင်ဗိုက် (သားအိမ်) ထဲမှာ ရေမြွာရည်ထဲမယ် ၉ လ ကျော်နေလဲတာမို့ မွေးတာကိုလည်း ရေထဲမှာလုပ်ရင်ရမယ်လို့ ယူဆချက်ကနေဖြစ်ပါတယ်။ ဒီလို ရေထဲမှာဆင်းပြီး ကလေးမွေးရင် ကောင်းမယ့်အချက်တွေနဲ့ သတိထားစရာတွေဆိုပြီး လေ့လာလို့ရလာတယ်။


အကျိုးကျေးဇူးတွေ

အမေအတွက် = ရေခပ်နွေးနွေးက နေရထိုင်ရတာသက်တောင့်သက်သာရှိတယ်။ အားရှိသလိုထင်မှတ်စေတယ်။ ရေထဲမှာ ကိုယ်ကြိုက်သလိုထိုင်နေနိုင်တယ်။ သားအိမ်ညှစ်အားပိုပေးမယ်လို့ယူဆရတယ်။ ဗိုက်နာတာ သက်သာစေနိုင်တယ်။ သွေးဖိအားများနေတာကိုကျစေနိုင်တယ်။ စိုးရိမ်စိတ်နည်းစေမယ်။ ကလေးမွေးတဲ့အခါ ပြောင်းလဲမှုတွေဖြစ်ရတဲ့ တင်ပါးဆုံနေရာက ကြွက်သားတွေကို ဆန့်နိုင်ကြုံ့နိုင်မှုပိုစေမယ်။ စုပ်ပြဲတာနည်းစေမယ်။ မွေးလမ်းချဲ့ပေရမှု နည်းစေမယ်။ ရေထဲမှာမို့ မမြင်အပ်တဲ့နေရာကို ဖုံးကာပေးသလိုမို့ စိတ်လုံခြုံမှုပိုစေမယ်။


ကလေးအတွက် = ရေမြွာရည်အိတ်ထဲနဲ့ မထူးတဲ့ပတ်ဝန်းကျင်ဖြစ်တယ်။

သတိထားရမယ့်အန္တရာယ်တွေ

လွန်ခဲ့တဲ့နှစ် ၃ဝ ကျော်အတွင်း ရေထဲဆင်းပြီးကလေးမွေးတာက ပေါ်ပြူလာလိုဖြစ်လာပေမယ့် ဆေးသုတေသနတွေ မစုံလင်သေးပါ။ ဥရောပမှာသိထားသမျှ ရိုးရိုးမွေးကုတင်ပေါ်မွေးတာနဲ့ အန္တရာယ်တွေမထူးဘူးလို့ ဆိုပါတယ်။ Royal College of Obstetrician and Gynecologists တော်ဝင်သားဖွါးမီးယပ်ပညာရှင်တွေက သီအိုရီအရ Water embolism သွေးကြောထဲရေနဲ့ပိတ်တို့ခြင်းအန္တရာယ် ရှိနိုင်တယ်။ British Medical Journal ကတော့ ၉၅% စိတ်ချရတယ်လို့ ဆိုပါတယ်။

တကယ်လို့ ကလေးဟာ မွေးလမ်းထဲမှာ ဖိအားသက်ရောက်မှုခံနေရတာဖြစ်ဖြစ်၊ ချက်ကြိုးလိမ်နေတာဖြစ်ဖြစ်ရှိနေရင် ကလေးကထွက်ထွက်ချင်း လေရှူမှာမို့ ရေကအသက်ရှူလမ်းထဲဝင်စေမယ်။ ဖြစ်တာရှားပါတယ်လို့ ဆေးစာတွေမှာ ဖတ်ရတယ်။ ကျွန်တော့်ကိုယ်ပိုင်အမြင်ကတော့ မွေးမွေးချင်ငိုတဲ့ကလေးက မငိုတဲ့ကလေးထက် များတယ်။ ငိုတာ ကောင်းတယ်။ ငိုချင်တဲ့ကလေးက ရေထဲမှာရှိနေရင် ငိုလို့မရသေးပါ။ ကလေးက လေနဲ့တွေ့မှသာ အသက်ရှူတယ်။ အသက်ရှူတာ မိနစ်ပိုင်းဖြစ်ဖြစ် စက္ကန့်ပိုင်းဖြစ်ဖြစ် နောက်ကျမယ်။ အန္တရာယ်လို့တော့မပြောပါ။ ချက်ကြိုးမဖြတ်သေးသ၍ အောက်စီဂျင်ကို မိခင်ဆီကနေရတယ်။ နောက်တချက်ကတော့ ကလေးကို ရေထဲကနေထုတ်လိုက်ချိန်မှာ ချက်ကြိုးပြတ်သွားတတ်တယ်။ သတိထားရင်တော့ မဖြစ်ပါ။


ရေထဲမှာ ကလေးမမွေးသင့်တဲ့ အခြေအနေတွေ

  • • Herpes မိခင်မှာ ရေယုံပေါက်နေရင်။
  • • Breech ကလေးအနေအထားက တင်ပါးဆုံပြုနေရင်။
  • • Excessive bleeding သွေးဆင်းတာ များလွန်းရင်။
  • • Maternal infection ရောဂါပိုးရှိနေရင်။
  • • Multiples အမွှာဖြစ်နေရင်။
  • • Pre-term လမစေ့မွေးတာဆိုရင်။
  • • Severe meconium ရေမြွာရည်နောက်တာ များနေရင်။
  • • Toxemia or preeclampsia ကိုယ်ဝန်သွေးဆိပ်တက်ရှိနေရင်။
  • • Hot tubs and whirlpools ရေပူနဲ့ ရေလှိုင်းလုပ်ထားတဲ့ရေချိုးကန်ဆိုရင် လုံးဝမလုပ်သင့်ပါ။


ဒေါက်တာတင့်ဆွေ
၂-၇-၂ဝ၁၅
၃ဝ-၁၂-၂ဝ၁၅
Credit source: https://doctortintswe.blogspot.com/2015/07/water-birth.html

hello
0
# Health, Life Style

HIV-AIDS at glance ပိုးနဲ့ရောဂါ အချုပ်

HIV ဆိုတာ Human Immunodeficiency Virus ခုခံအားကျဆင်းစေတဲ့ဗိုင်းရပ်စ်ပိုးကို ခေါ်တယ်။ ဒီဗို...

healer 2 years ago
0
# Health, Life Style

Hemifacial spasm (HFS) မျက်နှာတခြမ်းအသားလှုပ်ခြင်း

healer 2 years ago
0
# Health, Life Style

Ovarian dermoid cyst မျိုးဥအိမ် ဒါးမွိုက်ဆစ်စ်

healer 2 years ago
0
# Health, Life Style

Hirschsprung Disease မွေးရာပါအူပိတ်ရောဂါတမျိုး

healer 2 years ago
0
# Health, Life Style

ASCUS Pap abnormality သားအိမ်ဝစစ်ချက် ပုံမှန်မထွက်

healer 2 years ago