Airway Obstruction အသက်ရှူလမ်းပိတ်ခြင်း

အသက်ရှူလမ်းမှာ အပြည့်ပိတ်တာနဲ့ တဝက်တပျက်ပိတ်တာလို့ ၂ မျိုးဖြစ်နိုင်တယ်။

2021-11-08 04:13:27 - healer

အသက်ရှူလမ်းမှာ အပြည့်ပိတ်တာနဲ့ တဝက်တပျက်ပိတ်တာလို့ ၂ မျိုးဖြစ်နိုင်တယ်။ နှာခေါင်းပေါက်ဝကနေ ဝင်လာမယ့် လေက အဆုပ်ထဲအထိမရောက်နိုင်အောင်ပိတ်နေတာဖြစ်တယ်။ တချို့အမျိုးအစားက အသက်သေစေနိုင်တယ်။ ချက်ချင်း ဆေးကုသရမယ်။

တဝက်တပျက်သာပိတ်နေရင် အသက်တော့ရှူနိုင်သေးပေမယ့် အသက်ရှူရတာခက်ခဲနေမယ်။ လုံးဝပိတ်နေရင် ချက်ချင်း ပြာနှမ်းပြီး သေဆုံးနိုင်တယ်။ အသက်ရှူလမ်းမှာ ပြင်ပပစ္စည်းတခုခုဆို့ဝင်နေလို့ဖြစ်တာကို ရုတ်ရက်ဖြစ်နည်းခေါ်တယ်။ Choke ချုတ်ရတယ်လို့ခေါ်တယ်။ စားသောက်နေရင်း၊ ကစားနေရင်း စားစရာဝင်လို့၊ ကစားစရာဝင်လို့ ဖြစ်တတ်တယ်။ တခြားနည်းတွေကအချိန်ယူပြီးမှသာဖြစ်တယ်။ နာတာရှည်ဆိုတာရှိသေးတယ်။

ဘာတွေခံစားရမလည်း ဖြစ်တဲ့နေရာနဲ့ အချိန်ကာလအရမတူတာတွေဖြစ်လာနိုင်တယ်။ ဂနာမငြိမ်ဖြစ်မယ်။ ပြာနှမ်းလာမယ်။ စိတ်ရှုတ်ထွေးမယ်။ အသက်ရှူခက်မယ်။ လေငတ်မယ်။ ဆောက်တည်ရာမရဖြစ်မယ်။ အသက်ရှူသံ အသံတွေမည်မယ်။ သတိလစ်မယ်။ အသက်ရှူနှေးမယ်။ အသက်ရှူမြန်မယ်။ နားကြပ်နဲ့နားထောင်ရင် မူမမှန်အသံတွေကြားမယ်။ အသက်မှရှူနိုင်တော့ခြင်း။

Bronchoscopy ကိရိယာနဲ့စမ်းနည်း။ Laryngoscopy ကိရိယာနဲ့စမ်းနည်း။ X-ray ဓါတ်မှန်ရိုက်ခြင်းနည်းတွေနဲ့ ရောဂါ ရှာဖွေရမယ်။

ဖြစ်လာ ဘာလုပ်


ကာကွယ်နည်း


ဒေါက်တာတင့်ဆွေ
၁၂-၈-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/08/airway-obstruction.html


#DrTintSwe #Airway Obstruction


More Posts