Crohn’s Disease ခရုန်းရောဂါ

ခရုန်းရောဂါက အစာလမ်း အူသိမ်အဆုံးပိုင်း (အီလီယမ်) နဲ့ အူမကြီးအစပိုင်းနေရာမှာသာဖြစ်တယ်။

2021-11-08 07:10:30 - healer

ဒေါက်တာခရုန်းကနေစတွေ့လို့ သည်နာမည်တွင်တဲ့ နာတာရှည် အူမကြီးရောဂါဖြစ်တယ်။ Inflammatory Bowel Diseases (IBD) ရောဂါအုပ်စုထဲကဖြစ်တယ်။ IBD နဲ့ အတူတူတော့မဟုတ်ပါ။ ရောဂါလက္ခဏာတွေဆင်ပေမယ့် ဖြစ်တဲ့နေရာကွာတယ်။

ခရုန်းရောဂါက အစာလမ်း အူသိမ်အဆုံးပိုင်း (အီလီယမ်) နဲ့ အူမကြီးအစပိုင်းနေရာမှာသာဖြစ်တယ်။ ဒါ့ပြင် ပါးစပ်ကနေ စအိုးအထိနေရာတွေမှာလည်းဖြစ်နိုင်တယ်။ Ulcerative colitis အူမကြီးရောင်ခြင်းကတော့ အူမကြီးနေရာမှာသာ ဖြစ်တယ်။ ခရုန်းရောဂါက အူလွှာအထူတခုလုံးကိုထိခိုက်တယ်။ Ulcerative colitis အူမကြီးရောင်ခြင်းကတော့ အူမကြီးရဲ့ အတွင်းဆုံးလွှာမှာသာ အနာဖြစ်တယ်။ ခရုန်းရောဂါမှာ ရောင်ရမ်းခြင်းဖြစ်တဲ့နေရာနဲ့ အကောင်းရှိတဲ့နေရာတွေရယ်လို့ ရှိတယ်။ Ulcerative colitis အူမကြီးရောင်ခြင်းကတော့ တောက်လျှောက်ဖြစ်တယ်။

ခရုန်းရောဂါ လက္ခဏာတွေက ဖြစ်တဲ့နေရာက မတူကြလို့ လူနာတယောက်နဲ့တယောက် မတူကြပါ။


IBD ရောဂါမှာ

ခရုန်းရောဂါက ဖြစ်လာလိုက် သက်သာလိုက်နေမယ်။ အူစုပ်ပြဲသွားနိုင်တယ်။ ပိုနာပြီး သွေးယိုမယ်။ Fistula ခေါ် ပြွန်လမ်းဖြစ်လာနိုင်တယ်။ ဆီးအိမ်၊ ဗဂျိုင်းနားနဲ့ အရေပြားနဲ့ကြား ပြွန်လမ်းဖြစ်တာကိုဆိုလိုတယ်။

ခရုန်းရောဂါသည် အမေရိကန်လူမျိုး ၇ သိန်းရှိတယ်။ ကျား-မ ဆတူဖြစ်တယ်။ အသက်အရွယ်မရေါးဖြစ်တယ်။ ၁၅ နှစ်နဲ့ ၃၅ နှစ်ကြားများတယ်။ ဘာလို့ဖြစ်လည်း မရှင်းလင်းပါ။ စားသောက်တဲ့အစာနဲ့ စိတ်ဖိအားများခြင်းတွေကနေ သက်ရောက်နိုင်တယ်။ အစာလမ်းထဲမှာ ပုံမှန်ပိုးမွှား (ဗက်တီးရီးယား၊ ဗိုင်းရပ်၊ ဖန်းဂတ်စ်) တွေရှိတယ်။ ခုခံအားစနစ်ကနေ ခုခံထားနိုင်လို့ ရောဂါမရကြပါ။ IBD ရောဂါရှိနေသူတွေဆိုရင်တော့ မခံနိုင်ပါ။ မိသားစုထဲမှာ တယောက်မကဖြစ်တယ်။ အရင်းနဲ့ တဝမ်းကွဲတွေထဲမှာ ၅-၂ဝ% ရှိတာတွေ့ရတယ်။ ခရုန်းရောဂါက Ulcerative colitis အူမကြီးရောင်ခြင်းထက် မျိုးရိုးထဲမှာပိုဖြစ်တယ်။ မိဘနှစ်ယောက်လုံးမှာ IBD ရောဂါရှိနေရင်တော့ သားသမီးမှာ လာဖြစ်ဖို့ အခွင့်အလမ်းများတယ်။


ဒေါက်တာတင့်ဆွေ
၅-၇-၂ဝ၁၅

Credit Source: https://doctortintswe.blogspot.com/2015/07/crohns-disease.html


#DrTintSwe #Crohn’s Disease

More Posts