healer 2 years ago
healer

Alpha-fetoprotein (AFP) blood test အသည်းကင်ဆာ စမ်းနည်းတခု

သန္ဓေသားမှာ အများအပြားတွေရတဲ့ (ပရိုတင်း) တမျိုးကို alpha-fetoprotein (AFP) ခေါ်တယ်။ အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့အသည်းကနေထုတ်ပေးနေတာဖြစ်တယ်။

မင်္ဂလာပါဆရာ။ ကျွန်တော်သွေးပြန်စစ်ကြည်တာ Alphafoeto Protain 10.6 H 7.1 UG/L လို့ တွေ့ရပါတယ်။ AFP မြင့်နေရင် ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ တကယ်ကင်ဆာဆို ဘယ်လောက်ထိ မြင့်တက်နိုင်ပါသလဲ ဆရာ။ ကျေးဇူးပါဆရာ။

သန္ဓေသားမှာ အများအပြားတွေရတဲ့ (ပရိုတင်း) တမျိုးကို alpha-fetoprotein (AFP) ခေါ်တယ်။ အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့အသည်းကနေထုတ်ပေးနေတာဖြစ်တယ်။ မွေးကာစမှာများနေမယ်။ မွေးပြီးတနှစ်အတွင်းမှာ နည်းလာတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အာရုံကြောချို့ယွင်းချက်နဲ့ကလေးဆိုရင်လည်းများနေမယ်။

လူကြီးတွေကိုစမ်းရင် 10 ng/ml ကပုံမှန်ဖြစ်တယ်။ 500 nanograms/milliliter (ng/ml) ထက်များနေရင်

  • Hepatocellular carcinoma (HCC) အသည်းကင်ဆာ၊
  • Germ cell tumors မျိုးဥအိမ်နဲ့ ကျားအစိကင်ဆာတွေနဲ့
  • Ataxia telangiectasia တွေဖြစ်နေနိုင်တယ်။

ရက်တိုနဲ့ နာတာရှည်အသည်းမကောင်းသူတွေမှာ ကင်ဆာလို့မပြောနိုင်သေးပေမယ့် များနေမယ်။ 500 ng/ml ထက်တော့ မများပါ။ အသည်းမှာ အသည်းကစတဲ့ကင်ဆာကို Primary liver cancer (သို့) hepatocellular carcinoma (သို့) hepatoma လို့ခေါ်တယ်။ chronic hepatitis B and C အသည်းရောင်ဘီပိုးနဲ့ စီပိုးကြောင့် နာတာရှည်ဖြစ်နေသူ၊ hemochromatosis ရောဂါရှိသူမှာ AFP စမ်းနည်းက အသည်းကင်ဆာဖြစ်စရာ ၆ဝ% ဖြစ်နိုင်တယ်။ များနေခြင်းဟာ အသည်းကင်ဆာလို့ တိတိကျကျ ပြောမရပါ။ ရည်ညွှန်းချက်တခုလို့သာပြောနိုင်တယ်။ အလားတူ နည်းနေပေမယ့်လည်း ကင်ဆာဖြစ်ချင်ဖြစ်နိုင်တယ်။


ဒေါက်တာတင့်ဆွေ
၈-၆-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/06/alpha-fetoprotein-afp-blood-test.html


#DrTintSwe #Alpha-fetoprotein #AFP

hello
0
# Health, Life Style

Ringing in the Ears

healer 2 years ago
0
# Health, Life Style

Ankle sprain ခြေခြင်းဝတ်ခေါက်လဲခြင်

healer 2 years ago
0
# Health, Life Style

Airway Obstruction အသက်ရှူလမ်းပိတ်ခြင်း

healer 2 years ago
0
# Health, Life Style

Common Cold in Children ကလေးတွေ အအေးမိရင်

healer 2 years ago
0
# Health, Life Style

Cellulitis (သို့) Erysipelas

healer 2 years ago