healer 2 years ago

Ankle sprain ခြေခြင်းဝတ်ခေါက်လဲခြင်

Ankle sprain ခြေခြင်းဝတ်ခေါက်လဲရင် ဘာလုပ်မလဲ

ကျန်မနာမည့် ပါ၊ အသက် ၃၂ နှစ်ပါ။ -မှာ အလုပ်လာလုပ်နေတာပါ။ ခု ကိုယ်ဝန် ၂၁ ပတ်မှာ ညာဘက် ခြေထောက်ခေါက်လဲလို့ပါ။ ဆေးရုံသွားတော့ ဆေးရုံက Xray ရိုက်ပြီးမှ ကျောက်ပတ်တီးစီးရမလား operation လုပ်ရမလားသိနိုင်မယ်လို့ပြောပါတယ်။ ဆရာဝန်ကလဲ ကိုယ်ဝန်နဲ့ဆိုတော့ Xray တန်းမရိုက်ပဲ တစ်ပတ်လောက် စောင့်ကြည့်မလား မသက်သာမှ ပြန်လာရိုက်ချင်ရိုက်ဆိုလို့ တစ်ပတ်စောင့်ကြည့်မယ်ဆိုပြီး ချိုင်းထောက်ဝယ်ပြီး ပြန်လာခဲ့ပါတယ်။ ဆေးရုံသွားပြတဲ့နေ့က ခြေထောက်ကနာလို့ မထောက်နိုင်ဘူးဆရာ။ ခုခြေထောက်က ထောက်နိုင်လာပြီဆရာ။ လမ်းလဲလျောက်နိုင်တယ်။ ဒါပေမယ့် လမ်းလျောက်ပြီးရင် ခြေထောက်က ဖောင်းပြီး ယောင်လာတယ်ဆရာ။ လက်နဲ့ဖိကြည့်ရင် ခြေမျက်စိအောက်ဘက်က နာတယ်ဆရာ။ လမ်းလျောက်နေတုန်းတော့ မနာပါဘူး။ လက်နဲ့ဖိမှနာတာပါ။ အဲဒါ ဆရာ့ဆီက အကြံတောင်းချင်တာက ဆေးရုံသွားပြီ Xray ရိုက်ကြည့်ရမလား ဒီအတိုင်ပဲ ထပ်စောင့်ကြည့်ရမလားဆရာ။ ဘာလုပ်ရမှန်းမသိဖြစ်နေလို့ပါ။


ဖြစ်တဲ့နေရာ အတိအကျ မသိရပါ။

Ankle sprain ခြေခြင်းဝတ်ခေါက်လဲရင် ဘာလုပ်မလဲ

  • Ice ရေခဲတင်ပါ။ ပထမ ၄၈-၇၂ နာရီအတွင်းမှာလိုမယ်။ ၁-၂ နာရီတခါ၊ နေ့ခင်းမှာ တခါလုပ် ၁ဝ-၂ဝ မိနစ်ကြာပါစေ။
  • Compression ဖိထားပေးပါ။ Crepe bandage (Elastic compression wrap) ဆန့်နိုင်ကျုံ့နိုင်တဲ့ပတ်တီးသုံးနိုင်တယ်။ ပထမ ၂၄-၃၆ နာရီအတွင်းသုံးပါ။ ဒိနောက်မှာ Protective brace အဖုံးအကာလိုဖုံးထားပေးပါ။ သိပ်မတင်းစေပါနဲ့။ ခေါက်လဲတဲ့အနေအထားကို ပြောင်ပြန်ဖြစ်နေမှ သက်သာစေမယ်။ ပတ်တီးစီးရင် အဲလိုအနေအထားမှာစီးပါ။
  • Elevation ဖြစ်တဲ့ဖက်ကိုမြှင့်ထားပေးပါ။ တနေ့ ၂-၃ နာရီကြာပါစေ။
  • Pain relievers (Paracetamol, Ibuprofen) အနာသက်သာဆေးသောက်ပါ။ ရောင်တာကိုပါသက်သာစေမယ်။
  • Rest နားရမယ်။ Crutches ချိုင်းထောက်သုံးဖို့လိုမယ်။ Walker လမ်းလျှောက်အထောက်အကူသုံးနိုင်တယ်။
  • Surgery တချို့မှာ Torn ligaments စုပ်ပြဲသွားတဲ့အရွတ်ကို ခွဲစိတ်ပြုပြင်ပေးဖို့လိုနိုင်တယ်။


ဒေါက်တာတင့်ဆွေ
၁၈-၇-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/07/ankle-sprain.html


#DrTintSwe #Ankle sprain

hello
0
# Health, Life Style

Water Birth ရေထဲမှာ ကလေးမွေးခြင်း

healer 2 years ago
0
# Health, Life Style

Orange semen သုက်ရည်ဝါနေခြင်း

healer 2 years ago
0
# Health, Life Style

Fibrous papule of the face

healer 2 years ago
0
# Health, Life Style

Ringing in the Ears

healer 2 years ago
0
# Health, Life Style

Hemifacial spasm (HFS) မျက်နှာတခြမ်းအသားလှုပ်ခြင်း

healer 2 years ago