healer 2 years ago

HIV-AIDS at glance ပိုးနဲ့ရောဂါ အချုပ်

HIV ဆိုတာ Human Immunodeficiency Virus ခုခံအားကျဆင်းစေတဲ့ဗိုင်းရပ်စ်ပိုးကို ခေါ်တယ်။ ဒီဗိုင်းရပ်စ် ရှိနေရင် လူထဲကိုကူးစက်လာမဲ့ ရောဂါတွေနဲ့ ဖြစ်လာတဲ့ကင်ဆာတွေကို ခုခံနိုင်မှုလျှော့နည်းစေတယ်။

Aye Chan Thu ဆရာရှင့် AIDS ရောဂါ ကူးစက်ပုံ အကြောင်းဆရာရေးထားတဲ့ link လေးရှိရင်ပေးပါနော်။ ရှာတာ မတွေ့လို့ပါ။ မေးရတဲ့အကြောင်းက Fb မှာ သူငယ်ချင်းနှစ်ယောက်က share ထားတာ နာနတ်သီးစားမိလို့ ၁ဝ နှစ်အရွယ်ကောင်လေး HIV ပိုးကူးတယ်လို့ ရေးထားလို့ပါ အဲ့တာ သူငယ်ချင်းတွေအငြင်းပွားနေကြလို့ပါ။ ကျမက ကျမနားလည်သလောက် မဖြစ်နိုင်ဘူးလို့ ရှင်းပြပေမယ့်သူတို့ကလက်မခံလို့ပါ။ ကျန်းမာရေးဗဟုသုတအတွက် ပိုပြီး တိတိကျကျသိချင်လို့ပါဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။ ဒါကတော့ နာနတ်သီးစားမိလို့ HIV ကူးတယ်ဆိုတဲ့ post ပါဆရာ။

HIV ဆိုတာ Human Immunodeficiency Virus ခုခံအားကျဆင်းစေတဲ့ဗိုင်းရပ်စ်ပိုးကို ခေါ်တယ်။ ဒီဗိုင်းရပ်စ် ရှိနေရင် လူထဲကိုကူးစက်လာမဲ့ ရောဂါတွေနဲ့ ဖြစ်လာတဲ့ကင်ဆာတွေကို ခုခံနိုင်မှုလျှော့နည်းစေတယ်။ ခုခံနိုင်စွမ်းကို CD4 cell count အရေအတွက်နဲ့တိုင်းတာနိုင်တယ်။ ပိုးဝင်ရာကနေ ခုခံအားကျဆင်းပြီး ရောဂါရလာတာကို Acquired Immunodeficiency Syndrome (AIDS) လို့ခေါ်တယ်။ အဲလိုဖြစ်လာဘို့ ၂ နှစ်ကနေ ၁၅ နှစ်အထိ အချိန်ယူနိုင်တယ်။


ဘယ်ကနေကူးစက်စေသလဲ

သွေး၊ နို့ရည်၊ လိင်လမ်းအရည်တွေကနေကူးစက်နိုင်တယ်။ ဒါပေမဲ့ နမ်းတာ၊ ရင်ခြင်းအပ်တာ၊ လက်ဆွဲနှုပ်ဆက်တာ၊ အတူစားသောက်တာတွေကနေ မကူးစက်ပါ။


အန္တရာယ်များတဲ့အပြုအမူတွေကတော့

  • အကာအကွယ်မဲ့ စအိုနဲ့ ဗဂျိုင်းနားလမ်းကနေ လိင်ဆက်ဆံတာ၊
  • ဆစ်ဖလစ်၊ လိင်လမ်းရေယုံ၊ (ကလာမိုင်ဒီးယား) ပိုးဝင်တာ၊ (ဂနိုးရီးယား) နဲ့ မွေးလမ်းကြောင်းပိုးဝင်တာတွေ ရှိနေသူတွေ၊
  • ပိုးရှိနေတဲ့ ဆေးထိုးအပ်၊ ဆေးထိုးပိုက်၊ ကိုယ်ထဲထိုးသွင်းမှုလုပ်တဲ့ကိရိယာတွေ၊ ဆေးရည်တွေကို ကိုမျှသုံးတာ။
  • မသန့်တဲ့ဆေးအထိုးခံရရင်၊ ပိုးပါတဲ့သွေးအသွင်းခံရရင်၊ ဆေးကုသမှုမှာ ပိုးပါရင်၊
  • လူနာဆီကနေ ဆရာဝန်-ဆရာမဆီ။

၂ဝ၁၂ အကုန်မှာ လူ ၃၅့၃ သန်းမှာ HIV ပိုးရှိနေကြတယ်။ ၂့၁ သန်းက လူငယ်လူရွယ်တွေဖြစ်ကြတယ်။ ၉့၇ သန်းဟာ ဆင်းရဲ (သို့) မဖွံ့ဖြိုးတဲ့ဒေသတွေကဖြစ်ကြပြီး ART ဆေးရနေကြတယ်။ အမှန်က ၁၉ သန်း လောက်က ဆေးရနေသင့်ပေမဲ့ ဆေးမရကြသေးဘူး။ ART ဆေးကြောင့် HIV ပိုးရှိနေသူတွေ အသက် ပိုရှည်လာကြတယ်။ ဒါ့ပြင် သူတို့ကနေ ကူးစက်မှာကိုလဲ သက်သာစေတယ်။ ART ဆေးတွေဆိုတာ ဆေး ၃ မျိုးပါမယ်။ တချို့နေရာတွေမှာ ပိုပါတယ်။

တိုးတက်မှုတခုအနေနဲ့ ကိုယ်ဝန်ဆောင် ပိုးရှိသူတွေထဲက ၆၂% ဆေးရနေပြီ။ ၂ဝ၁၂ အကုန်အထိ ဒီရောဂါနဲ့ သေဆုံးပြီး သူပေါင်း ၃၆ သန်းရှိသွားပြီ။ ၂ဝ၁၂ အကုန်အထိ ၃၂့၃ ကနေ ၃၈့၈ သန်းအထိ ပိုးရှိနေနိုင်တယ်။ ဆာဟာရ တောင်ပိုင်း ဒေသမှာ အဆိုးဆုံးဖြစ်တယ်။ လူ ၂ဝ မှာ ၁ ယောက်နှုန်း ပိုးရှိနေကြတယ်။ တကမ္ဘာလုံးက ပိုးရှိသူပေါင်းရဲ့ ၆၉% ဟာ အဲဒီဒေသက ဖြစ်တယ်။ HIV ကူးစက်မှု ရှိ-မရှိကို အများအားဖြင့် သွေးစစ်ပြီး HIV antibodies (အင်တီဘော်ဒီ) စစ်ရတယ်။ ပျောက်အောင်အထိတော့ မကုနိုင်သေးပါ။

ရောဂါဖြစ်တဲ့လက္ခဏာတွေကတော့ အဆင့်အပေါ်မှာမူတည်တယ်။ ပိုးဝင်ခံရကာစ အစောပိုင်းလတွေမှာ ကူးစက်မှု များတယ်။ ပိုးဝင်ခံရရင် ဘာမှမခံစားရတာဖြစ်ဖြစ် တုပ်ကွေးမိသလိုဖြစ်ဖြစ် ခံစားရမယ်။ ကြာလာရင်တော့ တက်စေ့ရောင်တာ၊ ကိုယ်အလေးချိန်ကျတာ၊ ဖျားတာ၊ ဝမ်းလျှောတာနဲ့ ချောင်းဆိုးတာတွေဖြစ်လာနိုင်တယ်။

ဆေးမကုဘဲနေရင် တီဘီ၊ cryptococcal meningitis ဦးနှောက်အမှေးရောင်နဲ့ ကင်ဆာတွေ ဆက်ဖြစ်လာနိုင်တယ်။ ကင်ဆာတွေထဲမှာ lymphomas နဲ့ Kaposi's sarcoma တွေက အဖြစ်များတယ်။


ဘယ်လိုလုပ်ရောဂါမှန်းသိမလဲ

ပိုးဝင်လာပြီး ၃ ပါတ်ကနေ ၅ ပါတ်အထိ စမ်းမရသေးဘူး။ window period ကြားကာလလို့ခေါ်တယ်။ ဒီကြားထဲမှာ (အင်တီဘော်ဒီ) တွေထုတ်နေပမဲ့ စမ်းရသေးဘူး။ ကိုယ့်မှာ သံသယရှိနေပြီး ပဌမအကြိမ်စမ်းလို့ မတွေ့ရင် နောက် ၆ ပါတ်အကြာ ထပ်စမ်းသင့်တယ်။


ဘယ်လိုကာကွယ်မလဲ

၁။ လိင်ဆက်ဆံရာမှာ ယောက်ျားသုံး ဒါမှမဟုတ် မိန်းမသုံး (ကွန်ဒွမ်) သုံးပါ။ အနည်းဆုံး ၈၅% ကာကွယ်မယ်။

၂။ HIV နဲ့ STIs ဆေးစစ်ပါ။

၃။ ယောက်ျားပန်းအဖျားလှီးဖြတ်ပါ။ ၆ဝ% နီးပါးသက်သာစေမယ်။

၄။ ARV ဆေးနဲ့ကာကွယ်ခြင်း

  • ART ဆေးသောက်နေခြင်းက ကာကွယ်ရာလဲကျတယ်။ ၉၆% အထိကာကွယ်မယ်။ CD4 count ကိုကြည့်မနေဘဲ ဆေးသောက်စေရင် လင်-မယားတွေကို ကာကွယ်ပေးနိုင်တယ်။
  • Pre-exposure prophylaxis (PrEP) for HIV-negative partner လင်မယားမှာ တယောက်က ပိုးရှိနေရင် ပိုးမရှိသေးသူကိုပါ ARV/ART ဆေးပေးနည်းကလဲ အကျိုးများတာတွေ့လာရတယ်။
  • Post-exposure prophylaxis for HIV (PEP) ပိုးရှိသူနဲ့ ပျော်ပါးမိပြီးနောက် ၇၂ နာရီအတွင်းမှာ ARV drugs ဆေးသောက်စေတာလဲ အကျိုးများတာ သိလာရတယ်။ ဆေးကုပေးသူတွေလဲ အတူတူအကျိုးများစေတယ်။ ဆေးကို ၂၈ ရက်အထိပေးတယ်။

၅။ မူးယစ်ဆေးထိုးသူတွေအတွက် လမ်းညွှန်ချက် = တခါသုံး ဆေးထိုးပိုက်-ဆေးထိုအပ်သာသုံးပါ။

၆။ HIV မိခင်ကနေ မွေးလာမဲ့ကလေးမကူးစေအောင် - ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွါးနေစဉ်နဲ့ ကလေးနို့တိုက်စဉ်မှာ ပိုးရှိမိခင်ကနေ ကလေးဆီကူးနည်းကို ဒေါင်လိုက် ကူးနည်းနဲ့ (MTCT) မိခင်-ကလေးကူးနည်းလို့ခေါ်တယ်။ ကူးစက်ဘို့ အခွင့်အလမ်း ၁၅-၄၅% ရှိတယ်။ မိခင်ကို ARVs ဆေးပေးပါ။ CD4 count ကိုကြည့်မနေပါနဲ့။ ၂ဝ၁၂ အထိ ၁့၅ သန်း ကိုယ်ဝန်ဆောင်ထဲက ၆၂% ဟာ ဆင်းရဲတဲ့ နိုင်ငံတွေက ဖြစ်တယ်။ ၂ဝ၁ဝ တုံးကဆိုရင် ၄၈% သာရှိခဲ့တယ်။


ဒေါက်တာတင့်ဆွေ
၁၈-၇-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2014/12/hiv-aids-at-glance.html


#DrTintSwe #HIV-AIDS at glance

hello
0
# Health, Life Style

Milestone prostate cancer drug ဆီးကျိတ်ကင်ဆာဆေး သမိုင်းမှတ်တိုင်

healer 2 years ago
0

Cancer Drug Combination Shrinks 60 Percent of Melanomas

နိုင်ငံတကာလူနာပေါင်း ၉၄၅ ယောက်ကို စမ်းသပ်တာဖြစ်ပါတယ်။ Ipilimumab နဲ့ Nivolumab ဆေး ၂ မျိုး...

healer 2 years ago
0
# Music, MP3

Soe Lwin Lwin – Evening Tears

layeik 2 years ago
0
# General

Batman (DC fans)

Fan War 1 year ago