Baby and Mom ကလေးကျန်းမာရေး အယူအဆများ မလွဲမှားစေချင်

၁။ ဆရာရှင့် ကျွန်မသမီးလေးအသက် ၃လပြည့်ပါပြီ မိခင်က ဝန်ထမ်းမို့ ကလေးကို lactogen နှင့် ညဘက်မိခင်နို့ တိုက်ပါသည် နို့တိုက်ပြီးတိုင်း လေထုတ်ပါသည် ကတိုက်မစ်ချာလေဆေးတိုက်ပါသည် ဂစ်ဆိုပြီး လေလည်းထွက်ပါသည် ဝမ်းကတော့ အရင်က ၂ရက် ၁ခါသွားသလို ခုတော့ ၁ရက်၁ခါ ဝမ်းစိမ်းသွားပါသည် နေ့လယ်ဘက်ရော ညဘက်ပါ ခြေထောက်ကော့ထိုးပြီး ဗိုက်နာတဲ့ပုံစံနှင့် ငိုပါသည် ဆီးတော့မပူတော့ပါ ကျွန်မအမေကတော့ ကျွန်မအစားမရှောင်၍ ကလေးလေနာသည်ဆိုပါသည် ခရမ်းချဉ်သီး ဘူးသီး အမဲသား ဝက်သား စားလျှင်ဆူပူပါသည် ကလေးလေနာပါခြင်း အကြောင်းရင်းလေးနှင့် ကုသရန်နည်းလေး ရှင်းပြပေးပါရန် လေးစားစွာ စာရေးလိုက်ရပါသည်ဆရာ

2019-03-20 15:28:57 - baby

၁။ ဆရာရှင့် ကျွန်မသမီးလေးအသက် ၃လပြည့်ပါပြီ မိခင်က ဝန်ထမ်းမို့ ကလေးကို lactogen နှင့် ညဘက်မိခင်နို့ တိုက်ပါသည် နို့တိုက်ပြီးတိုင်း လေထုတ်ပါသည် ကတိုက်မစ်ချာလေဆေးတိုက်ပါသည် ဂစ်ဆိုပြီး လေလည်းထွက်ပါသည် ဝမ်းကတော့ အရင်က ၂ရက် ၁ခါသွားသလို ခုတော့ ၁ရက်၁ခါ ဝမ်းစိမ်းသွားပါသည် နေ့လယ်ဘက်ရော ညဘက်ပါ ခြေထောက်ကော့ထိုးပြီး ဗိုက်နာတဲ့ပုံစံနှင့် ငိုပါသည် ဆီးတော့မပူတော့ပါ ကျွန်မအမေကတော့ ကျွန်မအစားမရှောင်၍ ကလေးလေနာသည်ဆိုပါသည် ခရမ်းချဉ်သီး ဘူးသီး အမဲသား ဝက်သား စားလျှင်ဆူပူပါသည် ကလေးလေနာပါခြင်း အကြောင်းရင်းလေးနှင့် ကုသရန်နည်းလေး ရှင်းပြပေးပါရန် လေးစားစွာ စာရေးလိုက်ရပါသည်ဆရာ


၂။ ဆရာခင်ဗျာ။ မိခင်စားသော အစားအစာမှ နို့စို့နေသော ကလေးငယ်ကို effect ဖြစ်စေပါလားဆရာ။ ဥပမာ မိခင်က မျှစ် မျှစ်ချဉ်၊ ကြက်ဟင်းခါးသီး၊ ဒညင်းသီးစားလို့ ကလေးကို နေမကောင်းတာတခုခု ဖြစ်စေတာမျိုး၊ အဆိပ်အတောက် ဖြစ်စေတာမျိုး။ မိခင်က paracetamol, burmeton သောက်လို့ ကလေးကို effect ဖြစ်စေတာမျိုးတွေ ရှိပါလားဆရာ။ နောက်တခုက မိခင် ပက်လက်လှန် အိပ်လို့ နို့ခမ်းစေတာမျိုးဆိုတာရော ဟုတ်ပါသလားဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

၃။ လသားကလေးတွေနဲ့ပါတ်သတ်လို့ တချို့အယူအဆတွေကြားနေရတာ မှန်မမှန်သေချာမသိရတာမို့ မေးပါရစေရှင့်။


ကျွန်မကလေးက ခုဆို ၂လနဲ့ ၉ရက်သားပါရှင် ခြေထောင်ကိုပြင်ခိုင်းကြပါတယ်။ မပြင်ရင် ခွင်မယ်လို့ပြောကြပါတယ်။ ဟုတ်မဟုတ်ဖြေပေးပါရှင်။ ကလေးခြေထောက်ကို ရမ်းသမ်းလုပ်မိရင် ပိုဆိုးမှာစိုးလို့ပါ။ နောက်တခုက ကလေးတွေကို ဂတုံးရိတ်ပေးတာပါ မရိတ်ပေးရင် ခေါင်းလေးတယ်ဆိုတာဟုတ်ပါသလားဆရာ။ ပီးတော့ ၃-၄ ရက်နေမှ ဝမ်းသွားရင် ခလေးဘာဖြစ်လို့ပါလဲ။ မိခင်ကဆေးအစား မန်ကျည်းဖျော်ရည်လိုမျိုး သောက်ရင်ရော ရပါသလားရှင်။ ဖြေပေးပါဦးဆရာ။ သားသားမမွေးခင်ကရော သိချင်တာတွေကိုမေးမြန်းဖူးပါတယ်။ ဂရုတစိုက် ဖြေကြားပေးလို့ ကျေးဇူးအထူးတင်ပါတယ်ရှင်။


ကလေးခြေ-လက်ကို ပြုပြင်စရာ မလိုပါ။ လိုတဲ့ကလေးရှိနိုင်တယ်။ ကလေးအထူးကု (သို့) အရိုးအထူးကုဆရာဝန်က စမ်းသပ်မှသာသိမယ်။ ကလေးခေါင်းရိတ်တဲ့စာ ဖတ်လိုက ဖတ်ပါ။


ယေဘုယျ မိခင်နို့ထဲမှာ နို့သာပါတယ်။ အစားအသောက် ဘာစာစာစား နို့သာထွက်တယ်။ အစား မစားနိုင်တာတောင် နို့ထွက်နိုင်တယ်။ ဆေးတချို့ကတော့ နို့ထဲရောက်တယ်။ ဆေးတခုချင်းကိုပြောရတယ်။ မိခင်သွေးထဲမှာ ကူးစက်ပိုး ဥပမာ HIV နဲ့ အသည်းရောင် ဘီပိုး ရှိနေရင် နို့ကနေတဆင့် ကလေးကိုကူးစက်နိုင်မှု ပိုနိုင်တယ်။ အစားအသောက်မှာ မေးခွန်းထဲပါတာတွေကို ဆေးသုတေသနမလုပ်လို့ မဟုတ်ပါဘူးပြောရင် အစွန်းတော့ မလွတ်ပါ။ မိခင်အနေအထားကြောင့် နို့ နည်း-များ မဖြစ်စေပါ။ နို့ထွက်စေဘို့ ဦးနှောက်အောက်ခြေက ထုတ်ပေးနေတဲ့ ပရိုလက်တင်ဟော်မုန်းကလုပ်ပေးနေတာဖြစ်တယ်။ ဟော်မုန်းနည်းရင် နို့ထွက်နည်းမယ်။ ပရိုလက်တင်ဟော်မုန်းများတဲ့သူ အိမ်ထောင်မပြုဘဲ နို့ရည်ထွက်တယ်။


အမေနေ့မှာ ကိုယ့်မိခင်တွေကိုချစ်ကြကြောင်း ထင်တာထက်ပိုပြီးတင်ကြတာများလို့ သဘောကျမိတယ်။ လူကြီးမင်းတို့ရဲ့ မိခင်တွေကနေ ကျွန်တော့်ကိုမေးခဲ့ကြလို့ ရေးရတဲ့စာတွေရှိပါတယ်။


ကလေးလေနာပါတယ်ဆိုတာ မရှိပါ။ ကလေးရော လူကြီးတွေပါ ပါးစပ်ကနေ ဘာစားစား ဘာသောက်သောက် လေကိုပါ မျိုချကြတယ်။ လေက အစာလမ်းထဲရောက်မယ်။ အထက်တက်တာနဲ့ အောက်ဆင်းတာကြောင့် လေရှင်းသွားမယ်။ အကုန်ရှင်းစရာ မလိုပါ။ ကလေးငယ်လေးတွေမှာ အစာလမ်း ဆီးလမ်း ဝမ်းလမ်း အထိန်းတွေ အားမကောင်းသေးလို့ ဆီးသွားတာ မသိ၊ ဝမ်းသွားတာ မသိ၊ လေတက်ရမှာကို အန်တယ်။ အဲတာ ရောဂါ မဟုတ်ပါ။ ဆရာဝန်တွေ တခါတခါညွှန်းတဲ့ ဂရိုက်မစ်ချာ၊ အဲယားအိတ်စ် စတာတွေကလည်း လေလုံးသေးသေးလေးတွေကို ကြီးစေအောင် ပေါင်းပေးလို့ လေထွက်တာ လေတက်တာကို လွယ်ကူစေတာဖြစ်တယ်။ လေနာပျောက်ဆေး မဟုတ်။ ကလေးတွေမှာ အစာအိမ်လေနာရောဂါ ၁ဝဝ% မဖြစ်ပါ။ ဗမာလေးဆေးမမြင်ဖူး မကြားဖူးတဲ့တိုင်းပြည်ပေါင်း ၁၉၄ နိုင်ငံမှာ ကလေးပေါင်း သန်းပေါင်းများစွာရှိတယ်။


Credit: Dr. Tint Swe (August 31, 2018)

More Posts