Smoking Causes 12 Different Kinds of Cancers

ဆေးလိပ်သောက်တာကနေ ကင်ဆာ ၁၂ မျိုးကိုဖြစ်စေနိုင်တယ်

2021-11-08 13:09:20 - healer

နောက်ဆုံးထုတ် (တိုင်းမ်) မဂ္ဂဇင်းပါ ဆေးပညာဆောင်းပါးဖြစ်ပါတယ်။ လေ့လာမှုတွေအရ ကင်ဆာ ၁၂ မျိုးကြောင့် သေဆုံးသူတွေကို လေ့လာတော့ သူတို့ထဲက ၄၈% ကျော်ဟာ ဆေးလိပ်သောက်ခဲ့သူတွေ ဖြစ်နေတာတွေ့ရလို့ အခုလို ပြောနိုင်တာဖြစ်ပါတယ်။

စီးကရက်သောက်ရင် အဆုပ်ကင်ဆာဖြစ်နိုင်တာတော့ လူတိုင်းလိုလို သိကြမှာပါ။ သေဆုံးသူတွေထဲမှာ ၈ဝ% ရှိလို့ သိတာမှန်ပါတယ်။ ဒါပေမယ့် အဲဒီတမျိုးတည်းမကပါ သရက်ရွက်ကင်ဆာကနေ သွေးကင်ဆာအထိပါဝင်ပါတယ်။ အစာမျိုပြွန်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာနဲ့ အသည်းကင်ဆာတွေလည်းပါတယ်။ လည်ချောင်းကင်ဆာနဲ့ သေဆုံးကြရသူတွေထဲမှာ ဆေးလိပ်သောက်သူ ၇၇% ပါတယ်။

Centers for Disease Control and Prevention ဌာနကနေ ၂ဝ၁၁ ခုနှစ်ကလေ့လာခဲ့တာပါ။ ယူအက်စ်မှာ ၁၆၈ဝဝဝ ယောက်ဟာ ဆေးလိပ်သောက်တာနဲ့ဆက်စပ်ပြီး နှစ်စဉ်သေဆုံးနေရပါတယ်။ ဆေးလိပ်သောက်သူ နည်းလာတာတော့ မှန်ပါတယ်။ ထပ်လုပ်စရာတွေက အများကြီးရှိသေးတယ်။


ဒေါက်တာတင့်ဆွေ
၁၅-၆-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/06/smoking-causes-12-different-kinds-of.html


#DrTintSwe #SmokingCauses #Cancers

More Posts