Common Cold in Children ကလေးတွေ အအေးမိရင်

အအေးမိတယ်ဆိုတာ အမျိုးမျိုးသောဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတယ်။ အသက် ၆ နှစ်အောက် ကလေးတယောက်ဟာ တနှစ်ထဲမှာ ၆ ကြိမ်ကနေ ၈ ကြိမ် အအေးမိတတ်တယ်။ တခါမိရင် ၂ ပါတ်လောက် ကြာနိုင်တယ်။ စိုးရိမ်စရာမရှိပါ။

2021-11-08 10:25:37 - healer

၁။ ကလေးအသက် ၄ ရက်ပါ နည်းနည်း နှာချေနေလို့ပါရှင့် ဆေးတိုက်ရမှာပါလားရှင့်။

၂။ မင်္ဂလာပါ ဆရာ။ ကျွန်မ ကလေးနှာစေးတာ တော်တော်ဆိုးနေလို့ပါဆရာ။ ကလေးက အသက် ၁ နှစ် ၄လပါဆရာ။ မိန်းခလေးပါ။ နှာစေးနေတာ ၂ ပါတ်လောက်ရှိလာပါပြီဆရာ။ နေ့ဘက်နေရပြီး ညအိပ်ချိန်ဆို နှာပိတ် နှာရည်တွေကျပြီး နှာခေါင်းပဲပွတ်နေပြီးတော့ မအိပ်နိုင်ပဲလှိမ့်လိုက် ငိုလိုက်ဖြစ်နေလို့ပါဆရာ။ ဆရာ ကူညီပါအုံးရှင့်။

၃။ ဆရာရှင့် သားသားက ယခုဆိုလျင် ၆ လသားရှိပါပြီ။ ညတိုင်နှာခေါင်းပိတ်လို့ မအိပ်ရပါဘူးရှင်။ သားအတွက် ဘယ်လို ဆေးမျိုးကိုအသုံးပြုရမလည်းရှင်။ တခါတလေနို့မစို့နိုင်ပဲ တအားငိုပါတယ်။ ဒေါက်တာတယောက်က NS ဆလိုင်းပုလင်းကို ဆေးထိုးအပ်နဲ့စုပ်ယူပြီး နှာခေါင်းထဲအစက်ချခိုင်းပါတယ်ရှင်။ အသုံးပြုလို့သင့်တော်ပါသလားဆရာရှင်။


အအေးမိတယ်ဆိုတာ အမျိုးမျိုးသောဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတယ်။ အသက် ၆ နှစ်အောက် ကလေးတယောက်ဟာ တနှစ်ထဲမှာ ၆ ကြိမ်ကနေ ၈ ကြိမ် အအေးမိတတ်တယ်။ တခါမိရင် ၂ ပါတ်လောက် ကြာနိုင်တယ်။ စိုးရိမ်စရာမရှိပါ။ ဖြစ်ကာစ ၂-၄ ရက်အတွင်းမှာသူများကို အလွန်ကူးစက်လွယ်တယ်။ အအေးမိနေသူတယောက်ရဲ့ လက်မှာလဲ ဗိုင်းရပ်စ်ပိုးကပါနေရင် ၂ နာရီအတွင်းသူများဆီကူးသွားနိုင်တယ်။ လူ့ကိုယ်မှာသာမကသက်မဲ့ မျက်နှာပြင်တွေ အပေါ်မှာလဲပိုးကနေနိုင်တယ်။

ချောင်းဆိုးရာ၊ နှာချေရာကနေထွက်လာပြီးပိုးပါနေတဲ့ အမှုံအမွှားလေးတွေကို ရှူမိရင်ကူးတော့တယ်။ ပိုးဝင်ပြီး ၁-၂ ရက် အတွင်းရောဂါလက္ခဏာတွေ စပေါ်ပြီ။ ကလေးတွေမှာဖြစ်ရင် နှာခေါင်းပွစိပွစိ ဖြစ်တာကအများဆုံးပဲ။ ခပ်ကြည်ကြည်၊ ခပ်ဝါဝါ၊ ခပ်စိမ်းစိမ်း နှာရည်တွေယိုလာမယ်။ ဖြစ်ကာစ ၃ ရက်မှာအပူချိန် ၁ဝဝ့၉ (၃၈) ဒီဂရီအထိ ဖျားနိုင်တယ်။ လည်ပင်းနာတာ၊ ချောင်းဆိုးတာ၊ နေမထိထိုင်မသာဖြစ်တာ၊ အိပ်ရေးပျက်တာ၊ အစားပျက်တာတွေလဲ ဖြစ်လာနိုင်တယ်။

ကလေးအများစုဟာ နောက်ဆက်တွဲရောဂါတွေ မဖြစ်ကြပါ။ ဒါပေမဲ့ နားကိုက်တာ၊ ပန်းနာလိုဖြစ်တာ၊ နူမိုးနီးယား ဝင်တာတွေ ဖြစ်လာနိုင်တာကိုသတိထားဘို့လိုတယ်။

အအေးမိနှာစေးတာက အလိုလိုပျောက်ပါမယ်။ ဆေးတွေဟာ လက္ခဏာသက်သာဆေးမျိုးတွေသာ ဖြစ်တယ်။ ကလေးတွေကိုကုသရတာ လူကြီးတွေနဲ့ ကွဲတယ်။ Acetaminophen ပါရာစီတမော ဒါမှမဟုတ် Ibuprofen အိုင်ဘူပရိုဖင်ဆေးကို ၆ လအထက်ကလေးတွေကို ပေးနိုင်ပါတယ်။ ကိုယ်ပူတာကျဘို့နဲ့ အနေရသက်သာစေဘို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကိုတော့ သေစေမှာမဟုတ်ပါ။

အင်တီဟစ်တမင်းဆေးဖြစ်တဲ့ Diphenhydramine (Benadryl) ဆေးကတော့ ကောင်းကောင်းအိပ်စက်စေနိုင်မယ်။ ဆေးကြောင့် စိတ်လှုတ်ရှားတာ၊ အသက်ရှူနှေးတာ၊ စိတ်ပိုင်းလက္ခဏာတွေဟာ ဒီလိုဆေးတွေရဲ့ဘေးထွက် ဆိုးကျိုးတွေ ဖြစ်တယ်။ တနှစ်အထက် ကလေးတွေကိုသာ ပေးနိုင်တယ်။ Aspirin အက်စ်ပရင်ဆေးကို ၁၈ နှစ်အောက်မပေးပါနဲ့။ ကလေးငယ်လေးတွေအတွက် နှာခေါင်းထဲအစက်ချရတဲ့ Saline nose drops ဆားရည်ပေးရင် နှပ်-ချွဲ ကျဲစေမယ်။ ကလေးကြီးရင် Saline nose spray ဆားရည် စပရေးပေးနိုင်တယ်။

Humidified air လေကိုအစိုဓါတ်လုပ်ပေးတာ နှာခေါင်းလက္ခဏာတွေကို သက်သာတယ်။ ကလေးကိုရေ၊ အရည် သောက်စေပါ။ လိုထက်တော့ ပိုစရာမလိုပါ။ တကိုယ်ရေသန့်ရှင်းရေးလုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။ လက်ဆေးတာ၊ အရက်ပြန်ပါတဲ့ လက်ဆေးရည် သုံးတာကောင်းတယ်။ ကလေးတွေအတွက် Humidifier for baby အမျိုးအစား ဝယ်လို့ရနိုင်တယ်။ Hand sanitizer လက်ပိုးသန့်ဆေးရည်ကို အသုံးများလာတယ်။ ကောင်းပါတယ်။

အအေးမိတာသက်သက်အတွက် ပဋိဇီဝဆေးတွေ မလိုပါ။ နားကိုက်တာ၊ နူမိုးနီးယား၊ ဆိုင်းနပ်စ် တို့လို ဗက်တီးရီးယား ဝင်တာတခုခု ဖြစ်ရင်တော့ လိုမယ်။ မလိုဘဲသုံးရင် ဆေးယဉ်တာ၊ ဆေးမတည့်တာဖြစ်နိုင်သလိုဆေးဘေးထွက်-ဆိုးကျိုးတွေ ခံရနိုင်တယ်။

Zinc Lozenges & Nasal Sprays သွပ်ဓါတ်ပါငုံဆေးနဲ့ ရှူဆေးတွေက ထိရောက်တယ်လို့ မကြာသေးခင်က သုတေသနတွေက ဆိုပါတယ်။

Cold Medicines အအေးမိအတွက်ဆေးတွေ အများကြီးရှိတယ်။ အစသက် ၆ နှစ်အောက်ကို မတိုက်ဘို့ FDA က အကြံပြုထားပါတယ်။

  1. Cough suppressants (dextromethorphan or DM)
  2. Cough expectorants (guaifenesin)
  3. Decongestants (pseudoephedrine and phenylephrine)
  4. Antihistamines (brompheniramine, chlorpheniramine maleate, diphenhydramine [Benadryl] စတဲ့ ဆေးတွေကိုပြောတာ ဖြစ်ပါတယ်။

ကလေးငယ်လေးတွေမှာဖြစ်ရင် ဆေးမလိုပဲ နှာရည်စုပ်ထုတ်ပေးတာ သက်သာစေတယ်။ ရာဘာလေစုပ်ဘူလုံးလေး သုံးရတယ်။ နှာခေါင်းထဲ ဆားရည်အစက်ချဆေး သုံးနိုင်တယ်။ ရေနွေးငွေ့ ကောင်းတယ်။ လျှပ်စစ်သုံးဝယ်လို့ရတယ်။ ရေနွေးတည်ပြီး ကလေးအနီးအနားမှာ အငွေ့ရစေတာလည်းဖြစ်ပါတယ်။ ဆေးမလိုပဲကောင်းနိုင်တယ်။ အလွန်ဆုံး ပါရာစီတမောအရည်ကို ကလေးအသက်အရတိုက်နိုင်တယ်။


ဒေါက်တာတင့်ဆွေ
၆-၁-၂၀၂၀
Credit source: https://doctortintswe.blogspot.com/2015/12/common-cold-in-children.html

More Posts