healer 2 years ago

Ovarian dermoid cyst မျိုးဥအိမ် ဒါးမွိုက်ဆစ်စ်

မျိုးဥအိမ်အကျိတ်ဆိုတာ အမျိုးမျိုးရှိတယ်။ ရေအိတ်လို့လည်းအရပ်ခေါ်ခေါ်တယ်။ မပြည့်စုံပါ။ အထဲမှာ အရည်သာမဟုတ် တခြားဟာတွေလည်းပါနေနိုင်တယ်။

မင်္ဂလာပါဆရာ။ ကျမသူငယ်ချင်းတယောက်က လွန်ခဲ့သော ၁ဝ လလောက်က induced abortion နဲ့ DC လုပ်ခဲ့ဖူးပါတယ်။ ultrasound ပြန်ရိုက်ကြည့်တော့ cyst က 2cm×2cm ရှိပါတယ်။ အခုကျတော့ သူ့ဆီးစပ်က အရမ်းကိုက်လို့ဆိုပြီး ultrsound ပြန်ရိုက်ခိုင်းတော့ ovarian cyst mass 6.5cm×5.4cm (dermoid) တဲ့။ CA1 (125) စစ်တော့ 12 တဲ့။ ကင်ဆာမဟုတ်ဘူးဆရာ။ OG သွားပြတော့ခွဲခိုင်းပါတယ်ဆရာ။ သူလဲ အရမ်းကြောက်ပြီး မခွဲချင်သေးတာနဲ့ ဆရာဝန်က eposoft နဲ့ orofer ကိုအားဆေးအနေနဲ့ပေးပြီး mefenamic acid , diclo, cefexim, clindamycin, kremeS ကို ၅ ရက်တိုက်ပါတယ်ဆရာ။ အခုသူကဆေး ၅ ရက်လဲသောက်ပြီးတော့ ကိုက်တာခဲတာ မရှိတော့ဘူးတဲ့ဆရာ။ အဲ့တာ သူခွဲသင့်လား၊ မခွဲသင့်ဘူးလား ဆရာဆုံးဖြတ်ပေးပါရှင့်။ဆရာ့ကို အရမ်းလေးစားသလို ကျေးဇူးလဲတင်ပါတယ်ရှင်။

မျိုးဥအိမ်အကျိတ်ဆိုတာ အမျိုးမျိုးရှိတယ်။ ရေအိတ်လို့လည်းအရပ်ခေါ်ခေါ်တယ်။ မပြည့်စုံပါ။ အထဲမှာ အရည်သာမဟုတ် တခြားဟာတွေလည်းပါနေနိုင်တယ်။ တချို့မှာ ဘာမှမခံစားရပဲ ဆေးစစ်တော့မှသာသိရတယ်။ တင်ပါးဆုံတွင်းမှာနာမယ်၊ အတူနေစဉ်မှာ မနာသင့်ပဲနာမယ်၊ ဝမ်းသွားတော့ ဝမ်းနဲ့မဆိုင်ပဲ နာမယ်၊ ကိုယ်ဝန်ရှိလာသလို ပျို့အန်၊ ရင်သားတင်းတာ၊ ဆီးခဏခဏသွားချင်တာတွေ ခံစားရတတ်တယ်။ ရာသီမမှန်၊ ကလေးမရဖြစ်နိုင်တယ်။

(ဒါးမွိုက်ဆစ်စ်) ဆိုတာ မွေးကတည်းက ပါလာတာ ဖြစ်တယ်။ သန္ဓေသားဖြစ်စဉ်မှာ အရေပြားက တခြားနေရာထဲမှာ ပိတ်မိနေခဲ့လို့ ဖြစ်ရတယ်။ တဖြေးဖြေးကြီးလာတယ်။ ၁၅ စင်တီမီတာလောက်အထိ ကြီးနိုင်တယ်။ ရောင်ရင်တော့နာမယ်။

မျိုးဥအိမ် ဒါးမွိုက်ဆစ်စ်အပြင် တခြားနေရာ (၃) မျိုးမှာလည်းဖြစ်နိုင်တယ်။

(က) Dermoid cysts in the brain ဦးနှောက်မှာဖြစ်တယ်။ အဖြစ်တော့ မများပါ။

(ခ) Dermoid cysts in the nasal sinuses နှာခေါင်း-ဆိုင်းနပ်စ်မှာဖြစ်မယ်။ ခွဲထုတ်ရတာ ခက်တယ်။ ရှားတယ်။

(ဂ) Dermoid cysts of the spinal cord ခါးရိုးဆစ်ထဲက အာရုံကြောမှာဖြစ်တာ။ ပိုးဝင်တတ်တယ်။

ဒီစာမှာ Ovarian dermoid cysts မျိုးဥအိမ် ဒါးမွိုက်ဆစ်စ် အကြောင်းသာရေးပါမယ်။ မျိုးဥအိမ်မှာ မျိုးပွါးနိုင်တဲ့ အရွယ်တွေမှာ ဖြစ်တယ်။ အညှာနေရာလိမ်လို့နာနိုင်တယ်။ Ovarian torsion အညှာလိမ်တာဖြစ်လာနိုင်တယ်။ ရုတ်တရက်နာလာမယ်။ ချက်ချင်းခွဲရမယ်။ ပိုးဝင်လို့ရောင်နိုင်တယ်။ Rupture ပေါက်ထွက်တာဖြစ်လာနိုင်တယ်။ ရုတ်တရက်နာလာမယ်။ အထဲမှာ သွေးထွက်မယ်။ ချက်ချင်းခွဲရမယ်။ ရှားရှားပါးပါး ကင်ဆာဖြစ်နိုင်တယ်။

ဒီရောဂါကို ခွဲထုတ်လို့ အထဲကဟာတွေကြည့်ပြီး အပင်းလို့ ဗမာတွေကပြောကြတယ်။ အထဲမှာ အသေအချာ စစ်ကြည့်ရင် ဆံပင်၊ အမွှေး၊ အရည်၊ သွား၊ အရိုး၊ အရေပြား၊ အာရုံကြော၊ ချွေးထွက်အိတ်စတာတွေ ပါနေနိုင်တယ်။ အပင်းလို့ ခေါ်ကြတယ်။ အပြင်ကနေထည့်လို့မရပါ။ ရောဂါသာဖြစ်ပါတယ်။


ဘယ်လိုကုသမလဲ

  1. Watchful waiting စောင့်ကြည့်နိုင်ပါတယ်။ ဘယ်လိုမှမခံစားရတာ၊ အရွယ်အစားသေးတာ၊
  2. Birth control pills ကိုယ်ဝန်တားဆေးပေးနည်း
  3. Surgery ခွဲစိတ်နည်းမှာ ovarian cystectomy အလုံးသန့်သန့်ခွဲထုတ်နည်းနဲ့ oophorectomy မျိုးဥတခုလုံးထုတ်နည်းရှိတယ်။ ကင်ဆာသံသယရှိရင်တော့ မျိုးဥအိမ်သာမကာ သားအိမ်ပြွန်၊ သားအိမ်ကိုပါထုတ်မယ်။


ဒေါက်တာတင့်ဆွေ
၁၅-၁ဝ-၂ဝ၁၅
Credit Source:
https://doctortintswe.blogspot.com/2015/10/ovarian-dermoid-cyst.html


#DrTintSwe #Ovarian dermoid cyst

hello
0
# Health, Life Style

Testosterone for Women အမျိုးသမီးသုံး ကျားဟော်မုန်း

healer 2 years ago
0

FSH ဖေါ်လီကူလာ ဟော်မုန်

healer 2 years ago
0

Diphtheria ဆုံဆို့ရောဂါ

healer 2 years ago
0
# Health, Life Style

Common Cold in Children ကလေးတွေ အအေးမိရင်

healer 2 years ago
0
# Health, Life Style

Crohn’s Disease ခရုန်းရောဂါ

healer 2 years ago