Placenta Laennec အချင်းကထုတ်တဲ့ဆေး

Laennec ဆေးကို ဆေးပညာနယ်ပယ်တိုင်းမှာ သုံးပါတယ်။ ကာကွယ်ရေးနဲ့ Regenerative Medicine အသစ်ဖြစ်လာရေး ဆေးကုသနည်းတွေအတွက် သုံးနိုင်တယ်။ ဥပမာ Anti Aging and Aesthetics နုပျိုဆေး၊ အလှအပသုံးဆေးအဖြစ် နာမည်ကြီးနေတယ်။

Laennec ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီနာမည်လေးသိပါရစေ။ ရောင်းသူတွေက ဒီဆေးနဲ့ ပတ်သက်ပြီး နာမည်ကို လုံးဝမပြောလို့ပါခင်ဗျာ။ ကျွန်တော်တို့ကလည်း ဂျပန်မှာ သူငယ်ချင်းရှိနေတော့ မှာတဲ့အခါမှာ အခက်အခဲဖြစ်နေလို့ပါ။ ဒီဆေးလေးရဲ့ ဘေးထွက်ဆိုးကျိုးများကို သိချင်လို့ပါ။ ကျွန်တော့ အဒေါ်ဖြစ်သူက ဒီဆေးကို သုံးနေရလို့ပါ။

Laennec ဆိုတာ Stem cells ထိုးဆေးဖြစ်တယ်။ Laennec stem cell Growth factor therapy injection လို့လဲ ခေါ်တယ်။ Japan ကနေထုတ်ပြီး Liver dysfuction, Chronic Hepatic Diseases အသဲမကောင်းတာအတွက် ထိုးပေးတယ်။ Anti-aging နုပျိုဆေး နဲ့ Regenerative medicine (ဆဲလ်) တွေ အသစ်ပြန်လည်ဖြစ်စေဘို့အတွက်လဲ သုံးတယ်။

ကနေ့ခေတ် ဆေးပညာမှာ တိုးတက်လာတဲ့နည်းတွေထဲက အချင်းကနေဆေးထုတ်ပြီး ရောဂါဆိုးတွေကို ကုသနိုင်တာလဲ ပါဝင်တယ်။ ဒီဆေးအစွမ်းက နေရာတမျိုးတည်းမကသုံးနိုင်လို့ Multipotent stem cells လို့ခေါ်တယ်။ Placenta အချင်း ကနေရတဲ့ Stem cells (စတမ်-ဆဲလ်) တွေကို အပြင်မှာ မွေးယူလို့ရတယ်။ (ဆဲလ်) အမျိုးအစား အများကြီးရလာမယ်။ ဒီလိုအစွမ်းကို တခြားဆေးတွေကနေ မရနိုင်ပါ။ အချင်းကနေ Cell Growth Factors (ဆဲလ်) ကြီးထွားမှု (ဖက်တာ) ဆိုတာကို တည်ဆောက်ပေးတယ်။ ဒါကနေ (ဆဲလ်) တွေရဲ့ ကြီးထွားမှု နဲ့ ပွါးများမှုကို ဖြစ်လာစေတယ်။

(စတမ်-ဆဲလ်) ဆိုတာ (ဆဲလ်) အများကြီးရှိတဲ့ သတ္တဝါတိုင်းမှာရှိတယ်။ ဒီလို (ဆဲလ်) တွေကနေ အမျိုးမျိုးသော (ဆဲ့လ်) တွေ Mitosis ပွါးများ၊ Differentiation ကွြဲပ့ားခြင်းဖြစ်လာစေနိုင်တယ်။ ဖြစ်ပြီးသား (ဆဲလ်) တွေကနေ အသစ်တွေ ထပ်ထပ်ဖြစ်နေတယ်။ နို့တိုက်သတ္တဝါတိုင်းမှာ (စတမ်-ဆဲလ်) ၂ မျိုးရှိတယ်။ Embryonic stem cells ဆိုတဲ့ သန္ဓေရဲ့ အတွင်းပိုင်းကနေလာတာနဲ့ Adult stem cells ကြီးမှဖြစ်လာတာမျိုးဖြစ်တယ်။

Laennec ဆေးကို ဆေးပညာနယ်ပယ်တိုင်းမှာ သုံးပါတယ်။ ကာကွယ်ရေးနဲ့ Regenerative Medicine အသစ်ဖြစ်လာရေး ဆေးကုသနည်းတွေအတွက် သုံးနိုင်တယ်။ ဥပမာ Anti Aging and Aesthetics နုပျိုဆေး၊ အလှအပသုံးဆေးအဖြစ် နာမည်ကြီးနေတယ်။

ဒီဆေးကနေ (ဆဲလ်) အသစ်တွေပေါက်ပွါးလာေးနိုင်လို့ ပျက်စီးသွားတဲ့ အရေပြား၊ ကြွက်သား၊ (ကိုလာဂျင်)၊ အရိုးနု၊ အာရုံကြော (ဆဲလ်) တွေရလာမယ်။ အရေပြားရဲ့ ဆွဲဆန့်နိုင်စွမ်း၊ အထူအပါးတွေကို ကောင်းလာစေမယ်။ ဒါကြောင့် အရေပြား အရေးအကြောင်းထင်တာ၊ မျက်ခွံအိတ်ကျတာ၊ အရေပြားပြော့တွဲနေတာ၊ အစက်အပျောက်၊ အညိုအမဲ ထင်တာ၊ နှင်းကူနာကြောင့် ပြောင်းလဲသွားတော့တာ၊ မပျောက်နိုင်တော့တဲ့ အမာရွတ်၊ (ကီးလွိုက်) အမာရွတ်၊

ဒါတင်မကသေးပါ။ အသဲ၊ ဦးနှောက်၊ နှလုံး၊ အဆုပ်၊ ကျောက်ကပ်၊ အစာခြေလမ်း၊ (တစ်ရှူး) တွေရဲ့ အောက်စီဂျင်ရယူမှု၊ သွေးလှည့်လည်မှု၊ ခုခံအား ပိုကောင်းစေတယ်။ မျက်စိအမြင်စွမ်းအား၊ ဦးနှောက်အာရုံစိုက်နိုင်စွမ်း၊ ကိုယ်ကာယ လုပ်နိုင်ကိုင်နိုင်စွမ်းတွေလဲ တိုးတက်စေမယ်။ သွေးဆုံးအမျိုးသမီးတွေကို ခံစားကြရမှာ သက်သာစေမယ်။ သွေးဆုံးတာလဲ နောက်ကျစေမယ်။ ယောက်ျားရော မိန်မတွေပါ လိင်စိတ်နည်းတာကို များစေမယ်။ အနာဒဏ်ရာတွေ ကျက်တာကို အားပေးတယ်။

Alzheimer's diseases (အဇာမိုင်းယား) ရောဂါ၊ Spinal cord injury ခါးရိုးအာရုံကြောထိခိုက်ခြင်း၊ Stroke ဦးနှောက်သွေးကြောရောဂါ၊ မီးလောင်နာ၊ ဆီးချိုရောဂါတွေမှာ သုံးလာနိုင်ပြီ။ နောင်ဆိုရင် နှလုံး (တစ်ရှူး) ကို မွေးယူလို့ ရနိုင်လာစရာရှိတယ်။ ကုသလို့ရနိုင်လောက်တဲ့ရောဂါစာရင်က အရှည်ကြီးဘဲ။ အရေပြားရောဂါ အမျိုးမျိုး၊ နုပျိုဆေး၊ နှလုံးရောဂါတွေ၊ Lupus (လူးပတ်စ်) ရောဂါ၊ Rheumatoid arthritis နာတာရှည်အဆစ်နာရောဂါ၊ Hay fever, Allergy (အလာဂျီ)၊ Psoriasis အရေပြားနာတမျိုး၊ ဝက်ခြံ။

အသစ်ဖေါ်စပ်လိုက်တဲ့ ဆေးတွေရဲ့ ထိရောက်မှုကို (စတမ်-ဆဲလ်) နဲ့စမ်းနိုင်လာပြီ။ ဥပမာ ကင်ဆာဆေးတွေကို Pluripotent stem cells တွေကိုသုံးပြီးစမ်းသပ်တယ်။ ကိုယ်အင်္ဂါ နဲ့ (တစ်ရှူး) တွေ အစားထိုးကုသတာမှာသုံးလာနိုင်ဘို့ အတော်တော့လိုပါသေးတယ်။ အစားထိုးနိုင်တဲ့ အစိတ်အပိုင်းရနိုင်တာက ပိုလွယ်တယ်။

Menopause သွေးဆုံးအမျိုးသမီးတွေကို တပတ်မှာဆေး ၁-၂ လုံးထိုးပေးတယ်။ အလွန်ထိရောက်တယ်။ ဒီဆေးနဲ့ ကုလို့ရတဲ့ တခြား အမျိုးသမီးရောဂါတွေလဲရှိသေးတယ်။ Endometriosis သားအိမ်ရောဂါ၊ ရာသီလာရင်နာတာ၊ Oligogalactia နို့ထွက်နည်းတာ၊ Andropause ယောက်ျားသွေးဆုံးကိုလဲကုလို့ရတယ်။ အသဲရောဂါတွေထဲက (ဘီ) ပိုး၊ (စီ) ပိုးနဲ့ အရက်နာတွေကို ကုနိုင်တယ်။ ကင်ဆာကိုလဲကုလာတယ်။ စိတ်ကျရောဂါ၊ Menierea’s disease, Tinnitus, Vertigo အမူးရောဂါတွေ၊ မျက်စိတိမ်လူနာ ၈ ယောက်မှာ ၇ ယောက်၊ Retinal pigmentary dystrophy မျက်စိ အရုပ်ထင်လွှာရောဂါလူနာ ၁၅ ယောက်မှာ ၉ ယောက်အောင်မြင်ခဲ့တယ်။

စိတ်ချရမှုကို ဆေးပညာရှင်တွေက တင်းတင်းကြပ်ကြပ်စောင့်ကြေည့်နေပါတယ်။ ဂျပန်မှာတော့ အသဲရောင်၊ အသဲခြောက် ဝေဒနာသည်တွေအတွက် အစိုးရက လျှော့ဈေးနဲ့စီမံထားပေးတယ်။ LAENNEC ဆေးကို Injection ထိုးဆေးအနေနဲ့ရော Soft gel (ဂျဲလ်) အနေနဲ့ပါရောင်းတယ်။ (ဂျဲလ်) ၂ ခုဟာ ထိုးဆေး ၁ လုံးစာနဲ့ အားတူတယ်။

ဂျပန်မှာ ဆေးတွေကို ကုမဏီတခုက ၁၉၅၆ နဲ့ နောက်တခုက ၁၉၅၉ မှာစထုတ်ကတည်းက ဆိုးဝါးတဲံ Shock နဲ့ Creutzfled-Jakob disease တွေ မရှိပါ။ ဆေးထိုးတဲ့နေရာမှာ အနေရခက်တာ၊ နီရဲတာကလွဲရင် ဘေးထွက်-ဆိုးကျိုး မရှိဘူး။ ဆရာဝန်မယောက် ပြောတာက ဆေး အကြိမ် ၅ သောင်းထိုးပေးပြီးပြီ။ ဆိုးတာတခုမှ မတွေ့ဘူးတဲ့။


ရေးထားပြီးစာများ

  • Stem cell therapy
  • Stem cells can be safely infused in brain to promote stroke recovery
  • Placenta Laennec အချင်းကထုတ်တဲ့ဆေး
  • Placenta banking အချင်းဘဏ်


ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၂
Credit Source: https://doctortintswe.blogspot.com/2015/07/placenta-laennec.html

#DrTintSwe #Placenta Laennec

hello
0
# Health, Life Style

Testosterone for Women အမျိုးသမီးသုံး ကျားဟော်မုန်း

healer 1 year ago
0
# Health, Life Style

High platelets သွေးမှုံများနေခြင်း

healer 1 year ago
0

PCOS and Clomid မျိးဥအိမ်ရောဂါနဲ့ ကလေးရအောင်လုပ်နည်း

healer 1 year ago
0

Cervix Position သားအိမ်ဝနောက်ရောက်နေခြင်း

healer 1 year ago
0
# Health, Life Style

Universal flu vaccine comes closer တုပ်ကွေးကာကွယ်ဆေးနီးစပ်လာပြီ

healer 1 year ago