healer 2 years ago

Ectopic Pregnancy in exile

ပြည်ပမှာ သားအိမ်ပြင်ပသန္ဓေတည်ခြင်း

ဆရာ ရာသီလာပြီး ဘယ်နှစ်ပတ်ရှိလျှင် ကိုယ်ရှိ မရှိ ဆီးစစ်သိနိုင်ပါသလည်းဆရာ။

ရာသီလာရမယ့်ရက်နောက် တပါတ်နေလို့ မလာသေးရင် စစ်နိုင်ပါပြီ။

ကျေးဇူးပါဆရာ။ ကျွန်တော် အရမ်းပျော်ရမယ်နဲ့ တူတယ်ဆရာ။ မိန်းမ ရာသီလာရမယ့်ရက်ထက်မလာတာ ဒီနေ့ တစ်ပတ်ပြည့်ပြီးဆရာ။ ကျေးဇူးအရမ်းတင်ပါတယ်ဆရာ။ ဆရာကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေလို့ ဆုတောင်းလိုက်ပါတယ် ဆရာ။

ဟုတ်

35 minutes ago

ဆရာ ကျွန်တော့်အမျိုးသမီး အသက် ၃၅ ပါ။ ကိုယ်ဝန် ၆ ပါတ်ရှိပါပြီ။ ဒါပေမယ့် ကိုယ်ဝန်မတွေ့ရဘူးဖြစ်နေတယ်။ ဆီစစ်တော့ပေါ်ပါတယ်။့ မှာနေပါတယ်။ ဆရာဝန်ပြောတာက ကလေးပြွန်ထဲမှာရောက်နေတယ်။ ခွဲပြီးထုတ်ရမယ် ပြောနေတယ်ဆရာ။ သူပြောနားမလည်း ဘယ်လိုဖြစ်နိုင်အကြံပေးပါဦးဆရာ။ မိန်းမက ရာသီနည်းနည်းပါးပါး လာပါတယ်။ ဆရာဝန်ကပြော ပျက်ကျနိုင်တယ်ပြောပြီး ဆေးပေးပါတယ်။ ခု ဆေးကုန်ုပြန်ပြတော့ သွှေး ၂ခါ စစ်ရမယ်ပြောပါတယ်။ သွှေးအဖြေထွက်ရင် ခွဲရ မခွဲရ သေချာပြောလို့ရတယ်ဘဲပြောပါတယ်ဆရာ။

ဆောရီး။ ခွဲရမယ်။ အရေးပေါ်ဖြစ်တယ်။

မြန်မာပြည်ကိုအလွယ်ပြန်လို့မရဘူးဖြစ်နေတယ်ဆရာ။ ဒီမှာလည်းခွဲမပေးဘူးဖြစ်နေတယ်ဆရာ။ ကျေးဇူးပါပဲဆရာ။

ဟာ့ ဘာလို့ခွဲမပေးတာလည်း။ ရင့်လာရင် ပေါက်ထွက်တတ်တယ်။

သူ့မှာက အေးဂျင့်ရှိတယ်။ စာချုပ်က ကိုယ်ဝန်မဆောင်ရပါတယ် ဆရာရယ်။ ဆရာရယ် ကျွန်တော်တို့အပူ ကူပူပေးလို့ ကျေးဇူးပါ။ သွှေးအဖြေ စောင့်ဖို့ ဒီကဆရာဝန်က ပြောထားပါတယ်။ နောက်တော့သူ စာရေးပေးမယ်ပြောပါတယ်။ မြန်မာပြည်ပဲ ပြန်ခွဲပါပြောပါတယ်။့ မှာက ခုတင်းကြပ်နေတယ်ဆရာရယ်။

အော်။ ဆောရီးပဲဗျာ။

အရာရာအတွက် ကျေးဇူးပါပဲဆရာ။

ဟုတ်။ စိတ်မကောင်းဘူး။ ရန်ကုန်ကို မြန်မြန်ပြန်ရောက်ပါစေ။

- Pregnancy outside the Uterus ထူးဆန်းသည့် ကိုယ်ဝန် http://doctortintswe.blogspot.com/2014/11/pregnancy-outside-uterus.html

- Ectopic Pregnancy Causes ထူးဆန်းသည့်ကိုယ်ဝန် ဘာကြောင့်ဖြစ်ရလဲ http://doctortintswe.blogspot.com/2014/11/ectopic-pregnancy-causes.html


ဒေါက်တာတင့်ဆွေ
၂-၇-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/08/ectopic-pregnancy-in-exile.html


#DrTintSwe #Ectopic Pregnancy in exile

hello
0

PCOS and Clomid မျိးဥအိမ်ရောဂါနဲ့ ကလေးရအောင်လုပ်နည်း

healer 2 years ago
0
# Health, Life Style

Heel Spur ခြေဖနောင့်အရိုးအတက်ထွက်ခြင်း

healer 2 years ago
0
# Health, Life Style

Ringing in the Ears

healer 2 years ago
0
# Health, Life Style

HIV-AIDS at glance ပိုးနဲ့ရောဂါ အချုပ်

HIV ဆိုတာ Human Immunodeficiency Virus ခုခံအားကျဆင်းစေတဲ့ဗိုင်းရပ်စ်ပိုးကို ခေါ်တယ်။ ဒီဗို...

healer 2 years ago
0

Supernumerary nipple နို့သီးအပို

healer 2 years ago