healer 2 years ago

Heel Spur ခြေဖနောင့်အရိုးအတက်ထွက်ခြင်း

လေ့ကျင့်ခန်းနည်း + အနာသက်သာဆေး + ကော်တီဇုန်းထိုးဆေး နဲ့ ခွဲစိတ်ကုသနည်းတွေလုပ်ရနိုင်တယ်။

သမီးအကိုတယောက်က ယခု့ မှာအလုပ်လုပ်နေပါတယ်။ သူ့ခြေထောက်နာနေတာကြာနေပါပြီ။ မနက် အိပ်ယာထရင် မလှုပ်နိုင်သေးပါဘူး။ သွေးပူမှလှုပ်ရှားလို့ကောင်းလာပါတယ်။ ဖြစ်တာက ၆ လလောက်ရှိပါပြီ။ အသက်က ၂၈ နှစ်ပါ။ မနေ့ကမှ ဓါတ်မှန်ရိုက်တာ ခြေဖနောင့်မှာအရိုးအတက်ထွက်တယ်လို့ သိရပါတယ်ဆရာ။ ဆရာဝန်တွေကတော့ ခွဲရမယ်လို့ ပြောပါတယ်။ ငွေလဲကုန်မယ်လို့ပြောပါတယ်။ ဘယ်လိုလုပ်လို့ရပါလဲဆရာ။

ခြေဖနောင့်အရိုးအတက်ဆိုတာ အရိုးလိုပဲ ကယ်လ်စီယမ်တွေစုပုံနေတာဖြစ်တယ်။ ဓါတ်မှန်ရိုက်ရင် လက္ခဝက်လောက်ရှိတဲ့ အတက်လေးထွက်နေတာတွေ့ရမယ်။ တခါတလေမနာဘူး။ ကြာတော့နာလာမယ်။ Plantar fasciitis ခေါ်တဲ့ ခြေအရွတ်ပြား ရောင်တာနဲ့ ဆက်စပ်နေတတ်တယ်။

ဘာလို့ဖြစ်သလည်း မပြောနိုင်ပါ။ အားကစားသမားတွေ ပြေးရတာများရင်ဖြစ်တတ်တယ်။ ဝတဲ့သူမျာများတယ်။ ဖိနပ် မတော်တာစီးရင်လည်း ဖြစ်နိုင်တယ်။ အသက်ရလာတာ၊ ဆီးချိုရှိတာ၊ မတ်တတ်ရပ်များတာ၊ ခြေနှစ်ဖက် မညီတာတွေကနေ Plantar fasciitis ပါဖြစ်နိုင်တယ်။ နာရင် စူးရှပြီးနာတယ်။ အပ်နဲ့ထိုးသလိုနေမယ်။

နာတာက နားရုံနဲ့မသက်သာတတ်ပါ။ တချို့ဆို အိပ်ယာထ ပိုဆိုးသေးတယ်။ လမ်းလျှောက်ရင် နာတာသက်သာမယ်။

လေ့ကျင့်ခန်းနည်း + အနာသက်သာဆေး + ကော်တီဇုန်းထိုးဆေး နဲ့ ခွဲစိတ်ကုသနည်းတွေလုပ်ရနိုင်တယ်။

Stretching exercises ခြေလက်ဆန့်တန်းတဲ့လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ်။ ဖိနပ်အနေတော်ပါစေ။ Taping or strapping အထူးလုပ်ထားတဲ့ပလာစတာကပ်ထားနိုင်တယ်။ Physical therapy ဖီဇီကယ်သာရာပီ လုပ်နိုင်တယ်။ Functional orthotic device ခေါ်ကိရိယာတပ်ထားနိုင်တယ်။ ရေခဲတင်နိုင်တယ်။ ခြေထောက်ကို နားနေချိန်မှာ မြှင့်ထားပေးပါ။

Acetaminophen (Paracetamol/Tylenol), ibuprofen (Advil), Naproxen (Aleve) အနာသက်သာဆေး တခုခု သောက်နိုင်တယ်။ Corticosteroid injection ကော်တီဇုန်းထိုးဆေးထိုးရင် ဆေးအရှိန်ရှိနေရင် မနာတော့ဘူး။ Surgery ခွဲစိတ်ကုသနည်းလုပ်ရင် ၉ဝ% သက်သာပျောက်ကင်းတယ်။ ခွဲစိတ်နည်းမှာ Release of the plantar fascia နဲ့ Removal of a spur ဆိုပြီး ၂ နည်းရှိတယ်။


ဒေါက်တာတင့်ဆွေ

Credit Source: https://doctortintswe.blogspot.com/2015/08/heel-spur.html

#DrTintSwe #Heel Spur

hello
0
# Health, Life Style

Ovarian dermoid cyst မျိုးဥအိမ် ဒါးမွိုက်ဆစ်စ်

healer 2 years ago
0
# Health, Life Style

Hydrogen peroxide ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်

healer 2 years ago
0
# Health, Life Style

Mastitis and Breast Abscess နို့နာ

healer 2 years ago
0
# Health, Life Style

Spleen removed

healer 2 years ago
0
# Health, Life Style

Cellulitis (သို့) Erysipelas

healer 2 years ago